BEC-TERO TV

“Victoria က ကိုကို ၂ ယောက်လုပ်တာဟုပြောကြောင်း” မိခင်ဖြစ်သူမှ တရားရုံးတွင်ထွက်ဆိုခဲ့

24 Jul 2019     16,494 Views


ပြီးခဲ့သည့် မေလပိုင်းက နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင်ဖြစ်ပွားခဲ့သည့် အသက် ၃ နှစ်အရွယ်ဝန်းကျင် သမီးငယ်လေး Victoria ရဲ့သက်ငယ်မုဒိန်းမှုဟာဆိုရင် တိုင်းသိပြည်သိအမှုကိစ္စရပ်တစ်ခုဖြစ်ပြီး အများတကာရဲ့စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံရတဲ့ အမှုတွဲတစ်ခုလည်းဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတရားခံကို ရှာဖွေဖော်ထုတ်ဖို့အတွက် အချိန်အတော်ကြာမြင့်ခဲ့တဲ့ ထိုအမှုကိုတော့ အနုပညာရှင်များပါမကျန် ပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက်ဖြင့် ဗစ်တိုးရီးယားလေးဘက်ကရပ်တည်ကာ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်းရပ်တည်ခဲ့ကြပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မေလ (၁၆) ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာတော့ ပြစ်မှုကျူးလွန်သူ သံသယတရားခံဟာ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ကားဒရိုင်ဘာဖြစ်သူ အောင်ကျော်မျိုး(ခေါ်) အောင်ကြီးဖြစ်တယ်လို့ ဒက္ခိဏခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သို့ပေမယ့်လည်း တရားခံနဲ့ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးက ကျေနပ်လက်ခံခြင်းတော့ မရှိခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်ခြင်းခံရတဲ့ သမီးငယ်လေး Victoria ပြောကြားထားခဲ့တဲ့စကားတွေနဲ့ သက်သေအထောက်အထား၊ ဖြစ်စဉ်အကြောင်းအရာတွေဟာ တရားခံနဲ့ မကိုက်ညီခဲ့တာကြောင့် ဖြစ်ပါတယ်။

ထို့ကြောင့် တရားခံဟာအောင်ကြီးမဖြစ်နိုင်ကြောင်းနဲ့ တရားခံအစစ်အမှန်ကိုသာ ဖော်ထုတ်အရေးယူပေးနိုင်ရေးအတွက် အများပြည်သူများက “Justice For Victoria” ဆိုပြီး ဆန္ဒပြမှုတွေပါပြုလုပ်ခဲ့ကြပါသေးတယ်။ မည်သို့ပင်ဆိုစေကာမူ သံသယတရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ အောင်ကြီးကိုတော့ ဇူလိုင်လ (၁၅) ရက်နေ့က စတင်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပထမဆုံး ရုံးတင်စစ်ဆေးချိန်မှာပင် အမှုကိုစိတ်ဝင်စား၍ တရားရုံးရှေ့တွင်လာရောက်စောင့်ကြည့်သူများစွာရှိခဲ့သလို ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်ကနေ သတင်းစကားတွေကိုစောင့်ကြည့်နားထောင်သူတွေလည်း ရှိနေခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၂၄) ရက်နေ့မှာတော့ ဒုတိယအကြိမ်မြောက် ရုံးတင်စစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီး Victoria ၏မိခင်ဖြစ်သူကိုပါ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ယနေ့ရုံးချိန်းတွင် ဗစ်တိုးရီးယား၏မိခင်ဖြစ်သူမှ “ကိုကို ၂ ယောက်လုပ်တာဟု ဗစ်တိုးရီးယားမှ ပြောကြောင်း” တရားရုံးတွင် ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဗစ်တိုးရီးယားအမှု ဒုတိယရုံးချိန်းတွင် မိခင်ဖြစ်သူကိုစစ်ဆေးခဲ့ကြောင်းနှင့် ထွက်ချက်များနှင့်ပတ်သက်ပြီး တရားရုံးအတွင်းသို့ ဝင်​​ရောက်​နား​ထောင်​ပြီး ပြန်​ထွက်​လာသူ ကိုမင်းထွန်းဦးက ယခုလိုပဲပြောပြသွားခဲ့ပါတယ်။

 

Video_NewsWatch

(ပိုပိုလေး)


24 Jul 2019     16,494 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS