BEC-TERO TV

လက်ဝှေ့ကျော်ကြီး မေဝယ်သာကို ဒဲ့စိန်ခေါ်လိုက်တဲ့ ပက်ကွီအို

25 Jul 2019     1,493 Views


လက်ဝှေ့လောကရဲ ့ဆရာကြီးနှစ်ယောက်ဖြစ်ကြတဲ့ မေဝယ်သာ နှင့် ပက်ကွီအို တို့ဟာ လူမှုကွန်ရက်မှာ အပြန်အလှန်စကားစစ်ထိုးမှု ပြုလုပ်ခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက်နဲ့ စောင်းမြောင်း ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသက် (၄၀) နှစ်အရွယ် ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအို ဟာ အမေရိကန်နိုင်ငံ လက်ဗီးဂတ်စ်မြို့မှာ WBA ချန်ပီယံ ကိတ်သာမန်းကို အနိုင်ယူပြီး ကမ္ဘာ ့အသက်ကြီးဆုံး ဝယ်သာဝိတ်တန်း ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ထို့ပွဲကို ဝယ်သာဝိတ်တန်းချန်ပီယံဟောင် ဖလွိုက် မေဝယ်သာလည်း လာရောက်ကြည့်ရူခဲ့ပါတယ်။

မေဝယ်သာက Instagram မှာ ပက်ကွီအိုဟာ သူရဲ ့အမည်ကို အသုံးချပြီး နာမည်ကျော်ကြားအောင် လုပ်နေတယ်လို့ ၂၀၁၅ ခုနှစ်၊ မေလ(၂) ရက်က ၎င်းတို့နှစ်ဦး ထိုးသတ်ခဲ့သည့်ပွဲမှ ဓာတ်ပုံတစ်ပုံနှင့်အတူ တင်ခဲ့ပါတယ်။

“ပက်ကွီအိုရေ ခင်ဗျားဟာ ဘဝတစ်လျှောက်လုံး ကျုပ်နာမည်ကို အသုံးချပြီး နာမည်ကျော်ကြားအောင် လုပ်ဆောင်နေပါတယ်။ အခုချိန်မှာ ဒါတွေ ရပ်တန်းရပ်သင့်ပါပြီဗျာ။ ကိုယ်ပိုင် အမည်လေးတစ်ခုနဲ့ တည်ထောင်သင့်ပါပြီ။ ကျုပ်တို့ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာလည်း ခင်ဗျားကို အလွယ်တကူလေး အနိုင်ယူခဲ့တာကြောင့် လူအများစု စကားလုံးတွေ ရပ်တန့်စေခဲ့ပါတယ်။” Instagram မှာ ပက်ကွီအိုကို အနိုင်ယူခဲ့တဲ့ ဓါတ်ပုံနဲ့ စကားစစ်ထိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထို့နောက် ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုက Twitter မှတစ်ဆင့် မေဝယ်သာပို့စ်ကို ပြန်လည်မျှဝေခဲ့ပြီး ခင်ဗျားသတ္တိရှိရင် မကျေပွဲတစ်ပွဲလာက် နွဲကျရအောင်ဗျာလို့ စိန်ခေါ်ခဲ့ပါတယ်။
 
မေဝယ်သာကတော့ “ခင်ဗျားထက် ကျုပ်က ငွေပိုရှာနိင်တယ်။ ခင်ဗျားက (၁၂) ချီထိုးမှ ဒေါ်လာ သန်း (၁၂) ရတာပါ။ ကျုပ်ကတော့ ဒေါ်လာ(၉)သန်းရဖို့ (၃)မိနစ်အောက်သာထိုးခဲ့ရတယ်။ ခင်ဗျားက ပွဲရှိမှ ထိုးရတယ် ၊ကျုပ်ကတော့ ကိုယ်ထိုးချင်တဲ့ ပွဲမှ ထိုးတယ်။ ခင်ဗျားကို စိတ်ဓါတ်ပိုင်းရော၊ ရုပ်ပိုင်းရော အစစအရာရာ အနိုင်ယူခဲ့ပြီးပါပြီဗျာ  ” လို့ ပက်ကွီအိုကို ပြန်လည်ထိုးနှက်လိုက်ပါတယ်။

သူတို့နှစ်ယောက်ရဲ ့ပွဲကို ပရိတ်သတ်အများစုက စိတ်ဝင်တစားရှိနေကြပြိး ပက်ကွီအိုရဲ ့စိန်ခေါ်မှုကို မေဝယ်သာကသာ လက်ခံခဲ့ပါက လက်ဝှေ့သမိုင်းရဲ ့အကြီးမားဆုံး ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။


25 Jul 2019     1,493 Views




RELATED

Most Popular of Boxing

Most Popular of Sport