BEC-TERO TV

မြန်မာနိုင်ငံရှိရထားလမ်းပိုင်းများကိုစီမံကိန်း(၃)ခုနဲ့ပြုပြင်ဆောင်ရွက်သွားမည်

03 Sep 2015     1,280 Views


မြန်မာတစ်နိုင်ငံလုံးရှိရထားလမ်းပိုင်းတွေကို ဂျပန်နိုင်ငံ JICA နဲ့ပူပေါင်းပြီးစီမံကိန်းသုံးခု နဲ့ပြုပြင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။စီမံကိန်းသုံးခုရဲ့ပထမဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ရထားတွေကိုထိန်းချုပ်နိုင်မယ့်စနစ်ဖြစ်တဲ့ Operation Control Centre(OCC) ကို တော့ဦးဆုံးဆောင်ရွက်နေတယ်လို့သိရပါတယ်။OCC စနစ်ကိုတပ်ဆင်ပြီးပါက ၂၀၁၆ ခုနှစ်မှာရန်ကုန် - မန္တလေးရထားလမ်းပိုင်းကိုပြုပြင်ဆောင်ရွက်မှာဖြစ်ပြီး ကီလိုမီတာ (၁၀၀)ပြေးနိုင်တဲ့ရထားလမ်းတည်ဆောက်သွားမှာဖြစ်ပါတယ်။အဲဒီလမ်းပိုင်းပြုပြင်ပြီးပါကရထားတွဲဆိုင်းအသစ်တွေပြေးဆွဲလိုက်ရင်လက်ရှိထက်ရထားစီးခရီးသည်တိုးလာဖို့ မျှော်မှန်းထားတယ်လို့သိရပါတယ်။


03 Sep 2015     1,280 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS