BEC-TERO TV

ဗီရာကို အနိုင်ယူဖို့ သူ ့ရဲ ့အားသာချက်တွေကို ပြောကြားခဲ့တဲ့ အောင်လအန်ဆန်

05 Aug 2019     1,430 Views


One Championship ဝိတ်တန်းနှစ်ခု ချန်ပီယံတွေဖြစ်ကြတဲ့ အောင်လအန်ဆန် နဲ့ ဘရန်ဒန် ဗီရာ တို့ဟာ Light Heavy Weight ချန်ပီယံဆုအတွက် လာမည့် အောက်တိုဘာလမှာ ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ မြန်မာ ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ အဆိုပါပွဲအတွက် အဆင့်သင့်ဖြစ်နေပြီး သူရဲ့ အားသာချက်တွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
 
“ ကျွန်တော့ ဗီရာနဲ့ ထိုးသတ်ရတော့မှာမို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူဟာ ကျွန်တော့်ထက် ဝိတ်တန်းပိုကြီး ၊ အရပ်ပိုမြင့်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့ ထရိန်နာတွေက သူထက် ဝိတ်တန်းပိုကြီးသလို အရပ်လည်း ပိုမြင့်ပါတယ်။ ဒါကြောင့် သူနဲ့ထိုးသတ်ဖို့အတွက် ပြသာနာမရှိပါဘူး ။ ကျွန်တော့ဟာ မနှစ်ကတစ်နှစ်အတွင်း ထိုးသတ်ခဲ့တဲ့ ပွဲအရေအတွက်က ဗီရာရဲ ့လွန်ခဲ့တဲ့ ၃ နှစ်က ထိုးသတ်ခဲ့တဲ့ ပွဲထက် ပိုများပါတယ်။ ဒါတွေက ကျွန်တော့ အားသာချက်ပါ ” လို့ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။

ဘရန်ဒန် ဗီရာဟာ အောင်လအန်ဆန်နဲ့ ထိုးသတ်ဖို့အတွက် ကိုယ်အလေးချိန် ဝိတ်ချမှုတွေပြုလုပ်နေရပြီး အောင်လအန်ဆန်လို ဖိုင်တာကောင်းတစ်ယောက်နဲ့ ထိုးသတ်ရတော့မယ့်အတွက် ဂုဏ်ယူနေပါတယ်။ နောက် သူအသက်အရွယ်နဲ့ ကမ္ဘာ ့အကောင်းဆုံး ဖိုက်တာတွေကို အနိုင်ယူပြချင်နေပါတယ်။
 
အသက် ၄၁ ဘရန်ဒန် ဗီရာဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က အောင်လအန်ဆန်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ “ကန်ဟာဆီဂါဝါ” ကို အနိုင်ယူခဲ့ပြီးနောက် လှောင်အိမ်ထဲ့မှာ အောင်ပွဲခံနေစဉ် ဟဲဗီးဝိတ်ချံပီယံ “ ဘရန်ဒန် ဗီရာ” က လှောင်အိမ်ထဲ ဝင်လာပြီး “အောင်လအန်ဆန်” ကို လိုက်ဖ် ဟဲဗီးဝိတ်တန်းကို ထိုးသတ်ဖို့အတွက် တလေးတစားနဲ့ စိန်ခေါ်သွားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်ကလည်း ဘရန်ဒန် ဗီရာ၏ စိန်ခေါ်မှုကို တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ခံခဲ့ပါတယ်။ မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်ချံပီယံ ဘရန်ဒန် ဗီရာတို့ ထိုးသတ်မယ့် ပွဲကြီးကို လာမည့် အောက်တိုဘာလ (၁၃) ရက်နေ့ ဂျပန်နိင်ငံမှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။


05 Aug 2019     1,430 Views




RELATED

Most Popular of Boxing

Most Popular of Sport