BEC-TERO TV

ကျူးကျော်တွေကို ကျပ်သိန်း ၃၀ တန်တိုက်ခန်းများကို ရောင်းချပေးဖို့ စီစဉ်နေ

05 Aug 2019     1,348 Views


ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအတွက် ကျပ်သိန်း ၃၀ တန်တိုက်ခန်းများကို ရောင်းချပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူများကို လက်ရှိအစိုးရ တာဝန်ယူချိန်အတွင်း ဖြေရှင်းနိုင်ဖို့ ကြိုပမ်းသွားမှာ ဖြစ်ပါတယ်။
 
“ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ရှိတဲ့ လယ်ယာမြေတွေကို မြို့ ပြအဖြစ် ပုံဖော်ပြီး မြို ့ပြအဖြစ် ပုံဖော်ဆောင်ရွတ်နေပြီး ကျန်ကွက်လပ်တွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အဓိကတော့ နေရေးအခက်အခဲဖြစ်နေတဲ့ ကျူးကျော် နေထိုင်နေသူတွေကို စနစ်တကျ စီမံပေးသွားမှာဖြစ်ပါတယ်။ အသေးစားချေးငွေ ပုံစံနဲ ့ဆောင်ရွတ်မှာ ဖြစ်ပြီး နေရေးအခက်အခဲရှိနေတဲ့သူတွေကို နှစ်ခန်းတွဲအိမ်လေးတွေ ဆောက်လုပ်ပေးသွားမှာပါ ။ အဆောက်အဦးတွေကို ရောင်းချခြင်း၊ ပေါင်းနှံခြင်း၊ လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။ ” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
 
အဆိုပါတန်ဖိုးနည်းအိမ်ယာများကို အစိုးရမြေပေါ်တွင် မြေတန်ဖိုးထည့်သွင်းခြင်း မရှိပဲ ရောင်းချပေးမည်ဖြစ်ပြီး ကျူးကျော်အမည်ခံ စီးပွားရှာနေသူများကို ရောင်းချပေးမည် မဟုတ်ဟု ဆက်လက်ပြောကြားသည်။
 
ဒါအပြင့်တန်ဖိုးနည်းအိမ်ယာများကို အလုပ်နဲဝင်ငွေရှိတဲ့ အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများကိုလည်း ၁၅နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။
 
စီမံကိန်းဖော်ဆောင်မည့် အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ပျိုမေ့အိမ် လူမှုဖွ့ံဖြိုးတိုးတက်ရေး အသင်းနှင့် ပူးပေါင်းကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လေးထပ်မှ ငါးထပ်အထိ အထပ်မြင့် ဆောက်လုပ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

05 Aug 2019     1,348 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS