BEC-TERO TV

ခြင်ကိုက်ရင် မရိုက်ကြဖို့ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ နှိုးဆော်

06 Aug 2019     1,651 Views


ကြောင်တွေ ခွေးတွေပြီးတော့ တိရိစ္ဆာန်အခွင့်အရေးကာကွယ်သူတွေက ခြင်ကိုက်ရင်လည်း မရိုက်ကြပဲ ခြင်တွေကို လွပ်လပ်စွာ သွေးစုပ်ခွင့်ပေးကြဖို့ နှိုးဆော်လိုက်ပါတယ်။
 
ရုပ်သံထုတ်လွှင့်တင်ဆက်သူလည်းဖြစ်တဲ့ ပြင်သစ်နိုင်ငံက Aymeric Caron က ခြင်တွေဟာ လူရဲ့သွေးထဲကနေ ပရိုတိန်းဓါတ်တွေကို စုပ်ယူပြီး သူ့ရဲ့ကလေးတွေဖြစ်လာမယ့် ခြင်ဥလေးတွေကို ပို့လွှတ်တာမို့ ခြင်ကိုက်နေတဲ့ အချိန်မှာ ခြင်တွေကို ရိုက်မသတ်ပဲ သွေးလှူသလို လွပ်လပ်စွာ ကိုက်ခွင့်ပေးလိုက်ပါလို့ ဆိုပါတယ်။
 
 
သူက ခြင်တွေကို သတ်တာဟာ ကလေးတွေကို အဟာရတိုက်ကျွေးမယ့် မိခင်တွေကို တိုက်ခိုက်တာဖြစ်လို့ anti-specists တွေ အတွက်တော့ အရမ်းရှက်စရာကောင်းပါတယ် လို့ ဆိုပါတယ်။
 
anti-specist ဆိုတာကတော့ မျိုးစိတ်သတ္တဝါတွေအားလုံး သာတူညီမျှအခွင့်အရေး ရှိရမယ်လို့ တောင်းဆိုနေတဲ့ လူတွေကို ခေါ်တဲ့ဝေါဟာရဖြစ်ပါတယ်။
 
 
Aymeric Caron က သူ့ကိုယ်သူ anti-specist တစ်ယောက်အနေနဲ့ ခံယူထားတာကြောင့် သူဆိုရင် ‘မလာရီယား’ ရောဂါဖြစ်နိုင်တဲ့ အာဖရိက က ခြင်တွေကလွဲရင် အခြားခြင်တွေ ကိုက်တာကို ခွင့်ပြုထားတယ်လို့ Independent သတင်းဌါနကို ပြောကြားခဲ့ပါတယ်။
 
“ခြင်ကိုက်တဲ့အခါ မိခင်က ကလေးတွေကို ကျွေးဖို့အဟာရယူနေတာကို လှူတယ်လို့ပဲ သဘောထားလိုက်ရင် ဖြစ်ပါတယ်၊ ဒါက ဒရာမာချိုးနေတာ မဟုတ်ပါဘူး” လို့ ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။
 
ဒါပေမယ့် ဗြိတိသျှနိုင်ငံက တိရိစ္ဆာန်စောင့်ရှောက်ရေး ဝန်ထမ်းကတော့ “ဒီကိစ္စက ဝေးပါတယ်၊ ဘယ်လိုမှ မကူနိုင်တဲ့ အနှောက်အယှက်ပါ” လို့ မှတ်ချက်ပေးပါတယ်။
 
ယူကေရဲ့ တိရိစ္ဆာန်အခွင့်အရေးတန်တူညီမျှရှိစေရေးအဖွဲ့မှ ဦးဆောင်သူ Toni Vernalli ကတော့ ‘မလာရီယား’ သယ်ဆောင်လာတဲ့ ကပ်ပါးကောင်းတွေကြောင့် တစ်နှစ်ကို လူသန်းနဲ့ချီပြီး သေဆုံးနေတယ်လို့ ဆိုပါတယ်။
 
 
‘မလာရီယား’ ဟာ အာဖရိကမှာရှိတဲ့ Anopheles ခြင်ကောင်ကိုက်ရာကနေ လူ့ခန္ဓာကိုယ်ထဲဝင်တဲ့ ရောဂါပိုးဖြစ်ပြီး အသည်းမှာ အခြေတည်ပြီးနောက် သွေးဥတွေကို တိုက်ဖျက်တာကြောင့် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။
 
‘မလာရီယား’ ကြောင့် ၂ မိနစ်လျှင် ကလေးတစ်ဦး သေဆုံးနေပြီး အာဖရိကမှာတော့ အဖြစ်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
 

06 Aug 2019     1,651 Views




RELATED

Most Popular of Special or Others

Most Popular of NEWS