BEC-TERO TV

အသက် ၁၁ နှစ်အရွယ်က ရီးရဲလ်မက်ဒရစ်အသင်းမှာ လေ့ကျင့်ခဲ့ဖူးတဲ့ မောင်ရဲမင်းရှိန်

09 Aug 2019     1,393 Views


မြန်မာဘောလုံးလောကဟာ အခြားနိုင်ငံတွထက် ခြေလှမ်းပေါင်းများစွာ နောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်က အာရှကျားကြီး လို့သတ်မှတ်ခံထားရတဲ့ မြန်မာဘောလုံးအသင်းဟာ အာဆီယံအဆင့်မှာတောင် အလယ်အလတ်အဆင့်သာ ရှိတော့တာ ဖြစ်ပါတယ်။ ဒီလို နိမ့်ကျနေတဲ့ မြန်မာဘောလုံးလောက ကိုဆွဲတင်နိုင်ဖို့အတွက် မြန်မာ့ ဘောလုံးအဖွဲ့ ချုပ်နှင့် အဖက်ဖက်သော အဖွဲ့ အစည်းများကလည်း စွမ်းစွမ်းတမံ ဝိုင်းဝန်းပံ့ပိုး ကူညီနေကြတာကိုလည်း တွေ့ မြင်ရပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းမှလည်း မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အလားအလာရှိသော လူငယ်များကို ရှာဖွေဖော်ထုတ်ပြီး ကျွမ်းကျင် နည်းစနစ် ပညာရှင် ၊ထူးချွန်တဲ့ နိုင်ငံခြားနည်းပြများကို ခေါ်ယူခန့်အပ်ပြီး သင်ကြားပေးနေပါတယ်။ ယခုဆိုရင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဟာလည်း ပရိတ်သတ်တွေလည်း အထူးအားပေးလာကြတာကိုလည်း တွေ့ မြင်ရပါတယ်။ ထို့အတူ ခေတ်မှီတဲ့ ဘောလုံးအကယ်ဒမီတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ယခု တရုတ်နိုင်ငံမှာ တစ်နှစ်တစ်ခါကျင်းပတဲ့ GOTHIA CUP CHINA မှာ မြန်မာနိုင်ငံကိုယ်စားပြု Power Soccer Football Academy မှ ယူ-၁၂နဲ့ ယူ-၁၆ တို့ဟာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ GOTHIA CUP CHINA  ပြိုင်ပွဲကို သြဂုတ် ၉ရက်နေ့ကနေ ၁၆ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

Power Soccer Football Academy မှ ယူ-၁၂ ကစားသမားလေး ရဲမင်းရှိန် ဟာ အလားအလာရှိနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူဟာ တရုတ်မှာ ကျင်းပမည့် GOTHIA CUP CHINA  ယူ-၁၂ အသင်းမှာ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။  ရဲမင်းရှိန်ဟာ အသက် ၁၁ နှစ်အရွယ်က ရီးရဲလ်မက်ဒရစ်အသင်းမှာ လေ့ကျင့်ကစားဖူးခဲ့တယ်လို့ သိရပါတယ်။ သူဟာ  ဘာစီလိုနာ ၊ အာဆင်နယ်အသင်းတွေမှာ သွားရောက်လေ့ကျင့်ကစားဖို့ ဆန္ဒရှိတယ်ရှိတယ်လို့ ဆိုပါတယ်။။

" သား ရီးရဲနဲ့ သွားပြီးတော့ လေ့ကျင့်ဖြစ်တာကတော့ သူတို့တွေက မနက်တစ်နေကုန်လုံး ဘောလုံးကွင်းထဲမှာပဲ လေ့ကျင့်နေရတယ်။ ပြီးတော့ မနက်စားတယ်။ ညဘက်ကျရင် အမောပြေအောင်လို့ ကလေးတွေကိုဆော့ပေးတယ်ဗျ" လို့ သူရဲ့  ရီးရဲလ်အသင်းမှာ အတွေ့ အကြုံကို ဝေမျှခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း မန္တလေး အခြေစိုက် လက်ကီးဟုမ်း ဘောလုံးသင်းတန်းကျောင်းမှ မြန်မာလူငယ်ကစားသမား ငါးဦးကို အာဆင်နယ်ဘောလုံးအကယ်ဒမီကို ပို့ဆောင်ပြီး လေ့ကျင့်သင်ကြားစေခဲ့ပါတယ်။

 

 

video and photo ; popular


09 Aug 2019     1,393 Views




RELATED

Most Popular of Football

Most Popular of Sport