BEC-TERO TV

ပထမဦးဆုံး ပွဲဦးထွက်သီချင်းနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ Blackpink အကြောင်း

13 Aug 2019     1,755 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် အရှေ့ အာရှနိုင်ငံတွေမှာ သာမက အနောက်နိုင်ငံတွေအထိ ပေါက်မြောက်အောင်မြင် ကျော်ကြားတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ Blackpink အဖွဲ့ဝင်တွေဟာ ပွဲဦးမထွက်ခင်ကတည်းက YG Entertainment ရဲ့ လက်အောက်ခံ သင်တန်းသားတွေအဖြစ် ပရိတ်သတ်တွေရဲ့ အလေးပေး စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။ ပွဲဦးထွက် သီချင်းဖြစ်တဲ့ Whistle သီချင်းနဲ့ Blackpink ဘယ်လောက်ထိ အောင်မြင်မှု ရရှိခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink ဟာ ပထမဦးဆုံး ပွဲဦးထွက်သီချင်း ‘Whistle’ နဲ့ Music Chart အကုန်လုံးမှာ နံပါတ် (၁) နေရာ ချိတ်ခဲ့ပါတယ်။

ဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့ အဖွဲ့တွေတောင် အခုလို Music Chart အကုန်လုံးမှာ All Kill ရနိုင်ဖို့ မလွယ်ကူလှပါဘူး။ Blackpink ကတော့ ပထမဆုံး ပွဲဦးထွက် သီချင်းနဲ့ All Kill ရရှိခဲ့တာဖြစ်ပါတယ်။

Blackpink နည်းတူ Music Chart အကုန်လုံးမှာ All Kill ဖြစ်ဖူးတဲ့ အဖွဲ့ကတော့ 2NE1 ပဲဖြစ်ပါတယ်။ 2NE1 ကတော့ ၂၀၁၁ ခုနှစ် Lonely သီချင်းနဲ့ ရရှိခဲ့တာပဲဖြစ်ပါတယ်။

Entertainment တူ အစ်မတွေလို အောင်မြင်မှုမျိုး ရရှိထားတဲ့ Blackpink အတွက် ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။

Ref: koreaboo

(ပိုပိုလေး)

 

 

 


13 Aug 2019     1,755 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS