BEC-TERO TV

အရှုံးပေါ်လုနီးနီး ဖြစ်နေတဲ့ ‘ရှုကြည်’ ပါဝင်သရုပ်ဆောင်ထားတဲ့ Shanghai Fortress

13 Aug 2019     3,075 Views


So Close ဇာတ်ကားနဲ့ လူသိများလာတဲ့ ဟောင်ကောင်မင်းသမီးကြီး ရှုကြည်ကို မြန်မာပရိတ်သတ်တွေအနေနဲ့ သိပ်မစိမ်းလောက်ဘူး ထင်ပါတယ်။ ဟောင်ကောင် နာမည်ကြီး ရုပ်ရှင်ကားတွေမှာ အက်ရှင်ခန်းတွေကို ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ မင်းသမီးကြီး ရှုကြည်ဟာ လက်တလော သိပ္ပံ ရုပ်ရှင်ကား တစ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရှုကြည်ပါဝင်သရုပ်ဆောင်တဲ့ Shanghai Fortress ရုပ်ရှင်ကားဟာဆိုရင် တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် သိပ္ပံရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ပထမဆုံး သိပ္ပံရုပ်ရှင်ကားကတော့ Wandering Earth ဖြစ်ပြီး လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။ Shanghai Fortress ရုပ်ရှင်ကားကရော ဘယ်လို ဝေဖန်မှုမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေနေရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Wandering Earth ပြီးတော့ တရုတ် သိပ္ပံကားတွေ ထပ်မံထွက်ရှိလာဖို့ ပရိတ်သတ်တွေ စိတ်ဓာတ်တက်ကြွနေတဲ့အချိန် နာမည်ကြီး သရုပ်ဆောင်တွေနဲ့ သိပ္ပံကားတစ်ကား ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။

ရိုက်ကူးရေး ဘတ်ဂျက် သန်းလေးရာ၊ မားကတ်တင်း ဘတ်ဂျက်သန်းခုနှစ်ဆယ် ကုန်ကျခံခဲ့ပေမယ့် Rating Web တွေမှာ Bad Review 1 star ရနေခဲ့တဲ့အထိ ဇာတ်ကားရဲ့ Visual effect မနိုင်နင်းမှု ၊ သရုပ်ဆောင်တွေရဲ့ မပီပြင်မှုတို့ကြောင့် ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံနေရတာပဲဖြစ်ပါတယ်။

Wandering Earth က တရုတ်သိပ္ပံရုပ်ရှင်ရဲ့ တံခါးကို ဖွင့်ပေးလိုက်ပေမယ့် Shanghai Fortress ကတော့ တံခါးကို ပြန်ပိတ်ပေးလိုက်တယ် လို့ ပြောဆိုနေကြပါတယ်။

တစ်ဖန် Shanghai Fortress ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ fiction စာအုပ်ကို အခြေခံထားတာကြောင့် စာဖတ်ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တယ်ဆိုပြီး ပြောစရာနောက်တစ်ခု ရရှိသွားပါတယ်။

Shanghai Fortress ဇာတ်ကားမှာ ရှုကြည်အပြင် ကျန်တဲ့ နာမည်ကျော် အဆိုတော်၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Luhan ပါ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အခုလို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပေမယ့် ဇာတ်ကားရဲ့ လိုအပ်ချက်တွေကြောင့် ပရိတ်သတ်တွေ စိတ်ကျေနပ်မှု မရရှိခဲ့ပါဘူး။ Shanghai Fortress ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့က ပရိတ်သတ်ကို တောင်းပန်စာ ရေးရသည့်တိုင် အခြေအနေ ဆိုးဝါးလာပါတယ်။

Ref:Nirva Na

(ပိုပိုလေး)

 

 


13 Aug 2019     3,075 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS