BEC-TERO TV

နေမာ အသင်းကနေထွက်သွားဖို့ ဆန္ဒပြခဲ့ကြတဲ့ ပီအက်စ်ဂျီပရိတ်သတ်များ

13 Aug 2019     1,295 Views


ပီအက်စ်ဂျီအသင်းပရိတ်သတ်တွေဟာ ဘရာဇီးလ်စတား နေမာကို အသင်းမှထွက်သွားဖို့အတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ လှုမှုရေးဆက်ဆံမှုများ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းမှထွက်ခွာချင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ ပရိတ်သတ်တွေဟာ လီဂူးရာသီအစ ပွဲစဉ်(၁) မှာ နီးစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး နေမာကို “ အသင်းမှထွက်သွား ” ပါရှိတဲ့ စာတန်းကို ကိုင်ဆွဲကာ ဆန္ဒပြခဲ့ကြပါတယ်။နေမာကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းမှာ မပျော်ရွင်တော့တာကြောင့် ခေါ်ယူမယ့်အသင်းတစ်သင်းကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

နေမာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာအသင်းတွေက ချိတ်ဆက်နေပြီး မြင့်မားတဲ့ ပြောင်းရွေ့ ကြေးကြောင့် အဆင်မပြေဖြစ်နေခဲ့ကြတာပါ။ ဒီမနက်သတင်းတွေအရ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေဟာ ဘာစီလိုနာအသင်းနဲ့ ညှိနှိုင်းမှုများပြုလုပ်နေပြီး ဘာစီလိုနာအသင်းထံမှ ကော်တင်ဟို (သို့မဟုတ်) ဒမ်ဘီလီ တို့ထဲ့ကတစ်ယောက်နဲ့ ထိုက်တန်တဲ့ အလိုက်ရရှိပါက ရောင်းချသွားဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီနည်းပြတူချယ်က “အခြေအနေတွေ ခက်ခဲနေတုန်းပဲ ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။ ခုချိန်မှာတော့ ကျွန်တော့ကစားသမားအဖြစ် ရှိနေဆဲပါ။ သူရဲ့ အပြုအမှု ၊ အနေအထိုင်တွေကို မကြိုက်တဲ့ သူတွေရှိနေတာကို လည်း ကျွန်တော်နားလည်ပါတယ်။ ဒါကို ဖြေရှင်းရတော့မှာပါ ”လို့ နီးစ်အသင်းနှဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

Ref; dailymail , thesun


13 Aug 2019     1,295 Views




RELATED

Most Popular of Football

Most Popular of Sport