BEC-TERO TV

သီချင်းအသစ်နဲ့ ပရိတ်သတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ တစ်ချိန်က F4 မင်းသား ဂျီဟို

14 Aug 2019     1,591 Views


မြန်မာပရိတ်သတ်တွေ F4 ဇာတ်လမ်းတွဲလို့သိကြတဲ့ Boys over Flowers မှာ ယွန်ဂျီဟိုအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Kim Hyun Joong ဟာပြီးခဲ့တဲ့ သုံးရက်မှာပဲ သီချင်းအသစ်နဲ့အတူ ပရိတ်အရှေ့ ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။ Kim Hyun Joong ဟာ ဒီနှစ်ပိုင်းတွေမှာ scandal ထိထားတာကြောင့် အနုပညာလုပ်ငန်းဆောင်တာတွေ နည်းပါးလာတာပဲဖြစ်ပါတယ်။ Kim Hyun Joong ရဲ့ scandal နဲ့ သူအသစ်ထွက်ရှိလာတဲ့ သီချင်းသစ်အကြောင်း သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Kim Hyun Joong ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ချစ်သူမိန်းကလေးကို ရိုက်နှက်နှိပ်စက်မှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ ချစ်သူမိန်းကလေးနဲ့ သားတစ်ယောက်ရခဲ့ပြီး အမှုရင်ဆိုင်ပြီး ၄ နှစ်တိတိ သားဖြစ်သူနဲ့ တွေ့ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ၂၀၁၈ When Time Stopped ဇာတ်ကား press conference မှာပြောကြားသွားပါတယ်။

ဒီလို အမှုကြီးဖြစ်ပွားပြီးနောက် Kim Hyun Joong ဟာ ၂၀၁၈ လောက်မှာ အနုပညာလှုပ်ရှားမှု အနည်းငယ်ရှိခဲ့ပေမယ့် ပရိတ်သတ်များက အရင်ကလို သတိမထားမိကြတော့ပါဘူး။

၂၀၁၉ ဖေဖော်ဝါရီမှာ Why ဆိုတဲ့ သီချင်းတစ်ပုဒ်ထွက်ခဲ့ပြီး သြဂုတ်လမှာတော့ The Smile Wine အမည်ရတဲ့ သီချင်းနဲ့ ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

The Smile Wine သီချင်းဟာ Kim Hyun Joong ကိုယ်တိုင် ရေးစပ်ထားတာဖြစ်ပြီး ဒီသီချင်းရဲ့ music video မှာတော့ သရုပ်ဆောင် Jo Woo Ri က ပါဝင်သရုပ်ပေးထားတာဖြစ်ပါတယ်။ The Smile Wine သီချင်းဟာ Kim Hyun Joong နောက်ဆုံးထွက်ရှိထားတဲ့ Salt album မှာပါရှိတဲ့ title song ဖြစ်ပါတယ်။ Kim Hyun Joong ရဲ့ သီချင်းအသစ်က ဘယ်လိုခံစားမှုမျိုးတွေ ပေးသွားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>

Ref:allkpop

(ပိုပိုလေး)


14 Aug 2019     1,591 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS