BEC-TERO TV

ဒီနေ့မှာပဲ အသက် (၃၈) နှစ်ပြည့်သွားပြီဖြစ်တဲ့ Running Man အဖွဲ့ဝင် Song Ji Hyo

15 Aug 2019     1,437 Views


ကိုးရီးယားမင်းသမီးတွေထဲ မိတ်ကပ်မလိမ်းပဲ ဒီတိုင်း ရိုးရိုးလေးလှတဲ့ မင်းသမီးကို ပြပါဆိုရင် Song Ji Hyo ကိုပြရမှာပါပဲ။ Ji Hyo ဟာ Running Man အစီအစဉ်ရိုက်ကူးနေစဉ် အတောအတွင်း အထွေအထူး မိတ်ကပ် လိမ်းခြယ်ထားတာမျိုး မရှိတာတွေ့ရမှာပါ။ ဒီနေ့ သြဂုတ်လ ၁၅ ရက်နေ့ဟာ သူမရဲ့ အသက် ၃၈ နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ၃၈ နှစ်အရွယ် မမတစ်ယောက်ရဲ့ အလှက ဘယ်လောက်ထိနုပျိုနေတယ်ဆိုတာ သိရှိရဖို့ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Song Ji Hyo ဟာ Running Man အစီအစဉ်ရိုက်ကူးနေချိန်တွေမှာ မိတ်ကပ် အထွေအထူးလိမ်းလေ့မရှိပါဘူး။ သူမရဲ့ ပင်ကိုယ်သဘာဝ အလှတရားနဲ့သာ အစီအစဉ်ကို ရိုက်ကူးလေ့ရှိပါတယ်။ မိတ်ကပ်မလိမ်းထားလဲ လှနေတာကြောင့် ပရိတ်သတ်တွေက သူမကို Natural Beauty Song Ji Hyo လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

2016 ခုနှစ်အထိ Running Man မှာ တစ်ဦးတည်းသော မိန်းကလေးအဖွဲ့ဝင်ဖြစ်ခဲ့တာမို့ ကျန်တဲ့ အဖွဲ့ဝင်တွေအပေါ် အနိုင်ယူတတ်ပေမဲ့ ပရိတ်သတ်တွေအပေါ်မှာတော့ နွေးနွေးထွေးထွေး ဆက်ဆံတတ်တဲ့ သူမပါပဲ။

Song Ji Hyo ဟာ တခြား နာမည်ကြီး သရုပ်ဆောင်မင်းသမီးတွေလို မိတ်ကပ် အထူကြီးတွေ လိမ်းလေ့မရှိတာကြောင့် သူမရဲ့ အသားအရေက ကြည်လင်ပြီး တောက်ပနေတာအမှန်ပါပဲ။

အဝေးကနေလှမ်းကြည့်ရင်တောင် ကြည်လင်တောက်ပနေတဲ့ သူမ မျက်နှာအသားအရေကို ထင်းခနဲ မြင်တွေ့နိုင်ပါတယ်။

အသက်အရွယ်အားဖြင့် ၃၈ နှစ်ရှိပြီဆိုပေမယ့် အရေးအကြောင်း ပေါ်လာတာမျိုးတွေတောင် မတွေ့ရပါဘူး။

ဘယ်လိုနည်းလမ်းမျိုးနဲ့ အသားအရေထိန်းသိမ်းထားလို့ သူမဒီလို နုပျိုလှပနေတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီလို နုပျိုနေတဲ့သူက နောင် ၂ နှစ်မှာ အသက် ၄၀ ပြည့်တော့မယ်လို့ပြောရင် ဘယ်သူက ယုံပါ့မလဲနော်။

Running Man အဖွဲ့ဝင် Song Ji Hyo တစ်ယောက် အသက် ၃၈ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၀၀ တိုင်အောင် အဖွဲ့ဝင်တွေနဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ကုန်ဆုံးနိုင်ပါစေလို့ ပိုပိုလေးနဲ့အတူ ဆုမွန်ကောင်း တောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 


15 Aug 2019     1,437 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS