BEC-TERO TV

ပရီးမီးယားလိဂ် ပွဲစဉ် (၂) မန်စီးတီး VS စပါး ပွဲကြိုသုံးသပ်ချက်

16 Aug 2019     1,376 Views


At  Etihad Stadium, Saturaday , Big Match ,  11 PM

မန်စီးတီး

ပွဲထွက်လူစာရင်း ;

မန်စီးတီးအသင်းဟာ ၄-၃-၃ ပုံစံဖြင့် တိုက်စစ်မှာ အဂူရို ၊ စတာလင်း ၊ မာရက်စ် ၊ ကွင်းလယ်မှာ ဒီဘရိုင်း ၊ ရိုဒီ ၊ ဒေးဗစ် ဆေးဗား  ၊ နောက်တန်းမှာ ဝေါလ်ကာ ၊ ဂျွန်စတုန်း ၊ လာပေါ်တေး ၊ ဇင်ချန်ကို ၊ ဂိုးသမား အီဒါဆင် တို့နဲ့ ပွဲထွက်လာဖွယ်ရှိပါတယ်။

ပါဝင်လာဖို့ မသေချာတဲ့ ကစားသမားများ ;

ဖာနန်ဒင်ဟို (ဒဏ်ရာပြသာနာ-မသေချော)  ၊ ဂျူဗင်တပ်စ်ကနေ အသစ်ခေါ်ယူထားတဲ့ ဂျာအို ကန်ဆယ်လို (၁၀၀% ကြံခိုင်မှု မပြည့်ဝ ) တို့က ပွဲထွက်စာရင်းမှာ ပါဝင်လာဖို့ မသေချာ။

လွှဲချော်မည့် ကစားသမားများ ;

မန်ဒီ (ဒဏ်ရာပြသာနာ) ၊ ဆာနေး(ဒဏ်ရာပြသာနာ)

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ထပ်မံဗိုလ်စွဲဖို့ ရေးပန်းစားဆုံးအသင်းတစ်သင်းဖြစ်ပြီး မနှစ်က ပုံစံအတိုင်း ပျက်မသွားဘဲ ကောင်းမွန်တဲ့ ကစားဟန်ရှိနေတယ်။ ရာသီအစမှာ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၅-၀ ဖြင့်အနိုင်ယူပြီး တိုက်စစ်ရော ၊ ခံစစ်ရော ကောင်းမွန်တယ်ဆိုတာ ပြသနိုင်ခဲ့တယ်။

မန်စီးတီးအသင်းဟာ စပါးအသင်းထက်ပိုပြီး လူစာရင်းတောင်တင်းပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် အားသာချက်ရှိပါတယ်။ ဒါပေမယ့် စပါးအသင်းဟာ ဝက်စ်ဟမ်းထက်စာရင် အများကြီး ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် မန်စီးတီးအသင်း ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေပါတယ်။ ဟာရီကိန်းပါဝင်လာမယ့် တိုက်စစ်ကို မန်စီးတီးအသင်း သေချာပေါက် ဂိုးပေးရနိုင်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက စပါးအသင်းရဲ့ နောက်ကောက်ချန်ထားခံခဲ့ရတဲ့ မန်စီးတီး ဒီပွဲမှာ ပြန်ပြီး ချေပနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။

စောင့်ကြည့်ရမယ့် ကစားသမား * စတာလင်း (၃) ဂိုးသွင်းယူထား

 

စပါး

ပွဲထွက်လူစာရင်း ;

စပါးအသင်းဟာ ၄-၂-၂-၂ ပုံစံဖြင့် ရှေ့ တန်းမှာ လူကပ် မိုရာ ၊ ဟာရီကိန်း ကွင်းလယ်တိုက်စစ်ပိုင်းမှာ အဲရစ်ဆင် ၊ ဆစ်ဆိုကို ၊ ကွင်းလယ်ခံစစ်မှာ ဟယ်ရီ ဝင့် ၊ နွန်ဘီလီ ၊ နောက်တန်းမှာ ဒန်နီရို့ ၊ ဆန်းချက် ၊ အန်ဒါ ဝီရယ်လ် ၊  ဝေါလ်ကာ ပီတာ ၊ ဂိုးသမား လိုရစ် တို့နဲ့ ပွဲထွက်လာဖွယ်ရှိပါတယ်။

ပါဝင်လာဖို့ မသေချာတဲ့ ကစားသမားများ ;

ဒဗီးလ် (ဒဏ်ရာပြသာနာ-မသေချော) 

လွှဲချော်မည့် ကစားသမားများ ;

ဆွန်ဟောင်မင် ၊ အလီ (ဒဏ်ရာပြသာနာ) ၊ ဖလွိုက် (ဒဏ်ရာပြသာနာ)

စပါးအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သန်မာတဲ့အသင်းဖြစ်တယ်ဆိုတာကို အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ ပြသခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲက ပထမပိုင်းမှာ ၁-၀ ဖြင့် ဦးဆောင်ခံရပေမယ့် အဲရစ်ဆင် ဝင်လာပြီးနောက်ပိုင်း နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တယ်။ ဒီပွဲမှာ အဓိကကစားသမားတချို့ မပါဝင်နိုင်ပေမယ့် တောင့်တင်းတဲ့ လူစာရင်းက ရှိနေဆဲပါ။

လိုင်ယွန်ကနေ အသစ်ခေါ်ယူထားတဲ့ နွန်ဘီလီဟာလည်း အသင်းနဲ့အထိုင်အမြန်ကျခဲ့ပြီး ဗီလာနဲ့ပွဲမှာ ခြေစွမ်းပြကစားကာ သွင်းဂိုး(၁) ဂိုးသွင်းယူနိုင်ခဲ့တာကို တွေ့ ရတယ်။ စပါးအသင်းက လူစုံမပါနိုင်ပေမယ့် မန်စီးတီးကို သူတင်ကိုယ်တင် ယှဉ်ကစားနိင်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းကို ရှိတဲ့လူအင်အားနဲ့ စပါးနည်းပြ ပိုချက်တီနို ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

စောင့်ကြည့်ရမယ့် ကစားသမား * ဟာရီကိန်း (၂) ဂိုးသွင်းယူထား

ထိပ်တိုက်တွေ့ ဆုံမှု

နောက်ဆုံး (၆) ကြိမ်တွေ့ ဆုံမှုမှာ မန်စီးတီးအသင်းက (၅) ကြိမ်အနိုင်ရထားပြီး စပါးအသင်းက (၁) ကြိမ်သာ အနိုင်ရထားပါတယ်။ စုစုပေါင်းတွေ့ ဆုံမှုမှာ မန်စီးတီးအသင်းက (၆၃) ကြိမ်နိုင်၊ စပါးအသင်းက (၆၁) ကြိမ်အနိုင်ရထားပြီး (၃၅) ကြိမ် သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ရလဒ် သုံးသပ်ချက်

မန်စီးတီးအသင်းဂိုးပြတ်နိင်ဖို့မရှိဘဲ သရေ ဒါမှမဟုတ် ကပ်နိုင်လောက်ဖြင့်သာ အနိုင်ရသွားဖို့ရှိပါတယ်။


16 Aug 2019     1,376 Views




RELATED

Most Popular of Football

Most Popular of Sport