BEC-TERO TV

“ဝ”တယ် ပြောလို့ ရည်းစားကို လမ်းမပေါ်တင် ကတ်ကြေးနဲ့ ထိုးသတ်

16 Aug 2019     2,394 Views


အမျိုးသမီးထုကြီးအတွက် စိတ်အနာဆုံး စကားကတော့ သူတို့ကို “ဝ”တယ်လို့ တစ်ယောက်ယောက်က ပြောလိုက်တာပါပဲ။ အပြုသဘောနဲ့ဖြစ်စေ၊ စေတနာနဲ့ဖြစ်စေ “ဝ”တယ် ဆိုတဲ့ စကားလုံးကို သူတို့လုံးဝ ခံနိုင်စွမ်းမရှိပါဘူး။ ကမ္ဘာပေါ်မှာ သူတို့မကြားချင်ဆုံး စကားတစ်ခွန်းလဲဖြစ်ပါတယ်။
 
မကြာသေးမီက “ဝ”တယ် လို့ ပြောမိတဲ့ ချစ်သူရည်စား ကောင်လေးကို မိန်းကလေးက လမ်းမအလယ်မှာ ကတ်ကြေးနဲ့ မသေမချင် ထိုးသတ်ခဲ့မှု ပြီးခဲ့တဲ့ရက်သတ္တပတ်က ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
 
 
ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးစလုံးဟာ အသက် ၂၀ ဝန်းကျင်လေးတွေဖြစ်ပြီး ချစ်သူရည်းစားဖြစ်ကြတာ တစ်လပင်မပြည့်သေးပါဘူး၊ အဲဒီနေ့က နှစ်ယောက်သား ချိန်းတွေ့ပြီး လျှောက်လည်နေကြစဉ် ရာသီဥတုပူလာတဲ့အတွက် မိန်းကလေးက ရေခဲမုန့်စားချင်တယ်လို့ ပူဆာခဲ့ရာ ကောင်လေးက သူမကို ပြုံးပြီးသေချာကြည့်ကာ “ချစ် ကလည်း ဒီလောက် ‘ဝ’နေတာ ရေခဲမုန့် စာချင်နေတုန်းပဲလား..?” လို့ မေးလိုက်ပါတယ်။
 
 
ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ကောင်မလေးရဲ့ ဒေါသက ငယ်ထိပ်ကို ဆောင့်တက်သွားပါတယ်၊ ဒါပေမယ့် ဘာမှမဖြစ်သလို ဟန်လုပ်ရင်း အနီးနားက စတိုးဆိုင် တစ်ဆိုင်ထဲကို ဝင်သွားပါတယ်။ ကောင်လေးကတော့ ရေခဲမုန့်သွားဝယ်တယ်ထင်ပြီး ဆိုင်အပြင်မှာ အေးဆေးရပ်စောင့်နေပါတယ်။
 
တစ်ကယ်တော့ ကောင်မလေးက ဆိုင်ထဲမှာ ကတ်ကြေးတစ်ချောင်း ဝင်ဝယ်တာပါ၊ အဲဒီနောက် ဆိုင်ထဲက ထွက်လာပြီး အပြင်မှာ စောင့်နေတဲ့ ရည်းစားကို ဝယ်လာတဲ့ ကတ်ကြေးနဲ့ ၄ ချက်တိတိ လမ်းမလယ်မှာ ထိုးချလိုက်ပါတယ်။ 
 
ကတ်ကြေးနဲ့ ထိုးခံရတဲ့ ဒဏ်ရာကြောင့် ကောင်လေးဟာ လမ်းမပေါ် သွေးအလိမ်းလိမ်းနဲ့ လဲကျသွားတာကို သူမက ဒီတိုင်း ရပ်ကြည့်နေပါတယ်။ လမ်းသွားလမ်းလာတွေက အကူညီပေးဖို့ ရောက်လာပြီး အသက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
 
 
ဆေးအဖွဲ့တွေ ရောက်လာပြီး ဆေးရုံပို့ခဲ့ပေမယ့် အချိန်နှောင်းကာ ကောင်လေးက သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ မိန်းကလေးက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အဖမ်းခံခဲ့ရပြီး အမှုကို ရဲတွေက စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။
 
 
ဒါကြောင့် အမျိုးသမီးတွေကို ဘယ်တော့မှ “ဝ”တယ်လို့ မပြောမိပါစေနဲ့၊ အသက်ပါရင်းသွားရပါလိမ့်မယ်။
 

16 Aug 2019     2,394 Views




RELATED

Most Popular of Special or Others

Most Popular of NEWS