BEC-TERO TV

နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြတော့မယ့် F4 မင်းသမီးဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်း

19 Aug 2019     1,305 Views


မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလေး ဂင်ဂျန်ဒီလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန် ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့မှာ ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲတော့မယ့်အကြောင်း အင်စတာဂရမ် အကောင့်ကနေတစ်ဆင့် အသိပေးပြောကြားလာပါတယ်။ Blood ဇာတ်လမ်းတွဲရိုက်ကူးအပြီး ချစ်ကြိုးသွယ်ခဲ့ကြတဲ့ မနဲ့မောင် စုံတွဲဟာ ပရိတ်သတ်တွေ အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲဆိုလဲ မမှားပါဘူး။ သူတို့နှစ်ဦး ဘယ်လို ကိစ္စကြောင့် အခုလို ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Song စုံတွဲ ကွာရှင်းပြီးနောက် ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ စုံတွဲကတော့ မကွဲသေးဘူးဆိုပြီး ပရိတ်သတ်တွေ ဖြေသာနေကြတာပါ။ ဒါပေမဲ့ ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ရက်မှာ ခင်ပွန်းသည်က ကွာရှင်းဖို့ ရုံးတော်မှာ လျှောက်လွှာတင်လိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ ဂူဟဲဆောင်းန် အသိပေးပြောကြားပြီးနောက်မှာတော့ နှစ်ယောက်လုံးရဲ့ အေဂျင်စီဖြစ်တဲ့ HB Entertainment က နှစ်ဦးသဘောတူ ကွာရှင်းတော့မည်ဖြစ်ကြောင်း အတည်ပြုတဲ့ ကြေငြာချက် ထုတ်ပြန်လာပါတယ်။

“မင်္ဂလာပါ HB  Entertainment ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဂူဟဲဆောင်းန် နဲ့ အန်ဂျယ်ဟွန်းတို့နဲ့ ပတ်သတ်ပြီး  ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအကြောင်း ပြောပြချင်ပါတယ်။ သူတို့နှစ်ဦးဟာ ပြဿနာအကြောင်းကြောင်းကြောင့် အိမ်ထောင်ရေးကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ယောက်လုံးရဲ့ အေဂျင်စီအနေနဲ့ ဂူဟဲဆောင်းန် နဲ့ အန်ဂျယ်ဟွန်းတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ လျှောက်လမ်းရမယ့် ဘဝကိုယ်စီမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မကြာသေးခင်ကပဲ ဂူဟဲဆောင်းန်ဟာ ခင်ပွန်းသည် အန်ဂျယ်ဟွန်း လျှောက်တင်တဲ့ ကွာရှင်း ခွင့်ကို သဘောတူညီကြောင်း ရှေ့နေမှတစ်ဆင့်အသိပေးပြောကြားလာပါတယ်။ အမှုကိုတော့ သြဂုတ်လမှာ စတင်ပြီး စက်တင်ဘာမှာ အဆုံးသတ်ချင်တယ်လို့ ဂူဟဲဆောင်းန်ဘက်က ပြောပါတယ်။

 ကွာရှင်းတာကို သဘောတူညီတဲ့အပြင် ဂူဟဲဆောင်းန်ဟာ သူမအင်စတာဂရမ်ကနေတစ်ဆင့် ss ရိုက်ထားတဲ့ message တွေကို တင်ခဲ့ပါတယ်။ ကျွန်တော်တို့ အေဂျင်စီနဲ့ အန်ဂျယ်ဟွန်း အနည်းငယ်စိတ်ရှုပ်ထွေးပြီး နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ပရိတ်သတ်တွေကို စိတ်ပူစေလို့ တောင်းပန်ပါတယ်။

ဒီကိစ္စဖြစ်ပွားပြီးနောက် ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ နှစ်ယောက်လုံးမနာကျင်ကြစေဖို့်မျှော်လင့်မိပါတယ်။ ” ဆိုပြီး ထုတ်ပြန်ပြောကြားသွားပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 


19 Aug 2019     1,305 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS