BEC-TERO TV

လူကာကူ ၊ ဆန်းချက် တိုက်စစ်အတွဲကို အင်တာမီလန်အသင်းမှာ မြင်တွေ့ ရဖို့ရှိနေ

19 Aug 2019     1,321 Views


အင်တာမီလန်အသင်း တာဝန်ရှိသူတွေဟာ ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ကို ခေါ်ယူရန်အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ဗြိတိန်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆန်ချက်ဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းမှာ ခြေစွမ်းပြကစားနိုင်ခြင်းမရှိတာဘဲ ပွဲထွက်ခွင့်ရုံးကန်ခဲ့ရတာကြောင့် အသင်းပြောင်းရွေ့ လိုနေတာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဒီရာသီ နွေရာသီအပြောင်းအရွေ့ ကမှ မန်ယူတိုက်စစ်မှူး လူကာကူကို ပေါင် (၇၄) ဖြင့်ခေါ်ယူထားခဲ့ပြီး နောက်ထပ် ဆန်းချက်ကို ထပ်မံခေါ်ယူလိုတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဘက်က ဆန်းချက်ကို တစ်ရာသီ အငှားဖြင့်ခေါ်ယူသွားလိုပြီး ခြေစွမ်းပြနိုင်ခဲ့ရင် အပြီးသတ်စာချုပ်ချုပ်ဆိုသွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆန်းချက်ဟာ  အင်တာမီလန် အသင်းနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိထားပြီးဖြစ်ပြီး မန်ယူအသင်းနှင့် ဆွေးနွေးဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အကယ်လို့သာ ပြောင်းရွေ့ ဖြစ်ပါက လူကာကူနဲ့ ဆန်းချက်အတွဲကို အင်တာမီလန်အသင်းမှာ မြင်တွေ့ ရဖို့ ရှိနေပါတယ်။

 

အင်တာမီလန်အသင်းဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဆန်းချက်အပြင် စပါးတိုက်စစ်မှူးဟောင်း လော်ရန်တေး ၊ နာပိုလီမှ မီလစ်တို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အစက ရိုးမားအသင်းမှ ဒီဇီကို ခေါ်ယူဖို့ ပစ်မှတ်ထားသော်လည်း ဒီဇီကို က ရိုးမားအသင်းနဲ့ (၃) နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့တာကြောင့် ဆန်ချက်ကို ပစ်မှတ်ထားလာခြင်းဖြစ်ပါတယ်။

ဆန်းချက်ဟာ မန်ယူအသင်းမှာ တစ်ပါတ်လုပ်ခ ပေါင် (၅၀၀၀၀၀) အထိရရှိနေသူဖြစ်ပြီး အင်တာမီလန်အသင်းအနေဖြင့် ထိုလစာကို ပေးချေဖို့အခက်အခဲ့ရှိတာကြောင့် မန်ယူအသင်းဘက်က လစာတစ်စိတ်တစ်ပိုင်းကို ပေးချေပေးဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဆန်ချက်ဟာ ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်အသင်းမှ မန်ယူအသင်းကို ပြောင်းရွေ့ ခဲ့တာဖြစ်ပြီး (၅၄) ပွဲကစားထားကာ သွင်းဂိုး (၅) ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြဆိုးရှားလ်က တိုက်စစ်မှာ မာရှယ် ၊ ရက်ဖို့စ် ၊ ဂရင်းဝုလ် တို့သာရှိတာကြောင့် ဆန်းချက်ကို ဒီရာသီမှာ မန်ယူအသင်းမှာ ဆက်ရှိနေစေလိုတယ်လို့ သိရပါတယ်။


19 Aug 2019     1,321 Views




RELATED

Most Popular of Football

Most Popular of Sport