BEC-TERO TV

ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ ကွာရှင်းဖို့ အလျင်စလိုဆုံးဖြတ်လိုက်ရကြောင်း အသိမိတ်ဆွေပြောကြား

19 Aug 2019     1,321 Views


ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ နှစ်ဦးသဘောတူ ကွာရှင်းတော့မယ့်အကြောင်း HB Entertainment မှ ထုတ်ပြန်ကြေညာပြီးနောက် သူတို့နှစ်ဦးရဲ့ အသိမိတ်ဆွေ တစ်ဦးက အကြောင်းစုံကိုရှင်းပြလာပါတယ်။ ဂူဟဲဆောင်းန်၊ အန်ဂျယ်ဟွန်းတို့ရဲ့ အနုပညာအသိုင်းအဝိုင်းက အသိမိတ်ဆွေ ဘယ်လို ရှင်းပြလာတယ်ဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့အတူ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟဲဆောင်းန်၊ အန်ဂျယ်ဟွန်းတို့ရဲ့ အနုပညအသိုင်းအဝိုင်းမှ အသိမိတ်ဆွေက အောက်ပါအတိုင်းပြောကြားလာပါတယ်။

“၂၀၁၈ မကုန်ခင်ထိ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အတော်လေးကောင်းနေခဲ့ပါတယ်။ ဘာ ပြဿနာမှာ ကြီးကြီးမားမားရှိနေတာမျိုးလဲ မတွေ့ရပါဘူး။ ဒီနှစ်ထဲမှာမှ တော်တော်လေး ဆိုးဝါးလာတာပါ။ ဘေးကမြင်ရတဲ့ သူငယ်ချင်းအနေနဲ့ စိတ်မကောင်းဖြစ်ရုံကလွဲလို့ မတတ်နိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်မှာ အန်ဂျယ်ဟွန်းဟာ မိတ်ဆွေသူငယ်ချင်းတွေရှေ့မှာ ဇနီးသည်ကို ကြင်နာပြနေတုန်းပါပဲ။ ဂူဟဲဆောင်းန် သူတို့အေဂျင်စီကို ပြောင်းသွားတဲ့ထိ နှစ်ယောက်ကြား ဆက်ဆံရေးက ကောင်းပါသေးတယ်။

HB Entertainment ကို ပြောင်းပြီးနောက်ပြီး သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးတွေ တင်းမာလာပြီး အရင်နေခဲ့တဲ့ Yongin ကအိမ်မှာအတူမနေတော့ဘဲ ဆိုးလ်မြို့ တစ်နေရာစီမှာနေထိုင်နေကြတာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

တစ်ဖန် သူတို့နှစ်ယောက် မပြေမလည်ဖြစ်တဲ့ အချိန်ကာလဟာ သိပ်မကြာခဲ့ပဲ ပြေလည်အောင် ညှိနှိုင်းဖို့ သူမဖက်က ကြိုးစားခဲ့ပေမယ့် အန်ဂျယ်ဟွန်းဘက်က ကွာရှင်းပေးဖို့သာ တွင်တွင်တောင်းဆိုနေခဲ့ကြောင်းကို  အင်စတာဂရမ်မှာ မက်ဆေ့ခ်ျများကို screen shot ရိုက်ပြီး တင်ခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ဟာ အိမ်ထောင်ရေး သက်တမ်း တစ်လျှောက်လုံး အဆင်ပြေနေခဲ့ပေမယ့် လတ်တလောဖြစ်ပျက်သွားတဲ့ ပြဿနာကြောင့် နှစ်ဦးသဘောတူကွာရှင်းပြတ်စဲကြဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)


19 Aug 2019     1,321 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS