BEC-TERO TV

မော်ရင်ဟိုကို နည်းပြနေရာအဖြစ်အလိုရှိနေကြတဲ့ ဘာစီလိုနာပရိတ်သတ်များ

19 Aug 2019     1,294 Views


ဘာစီလိုနာအသင်းပရိတ်သတ်တွေဟာ လက်ရှိနည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ပြီး မော်ရင်ဟိုကို ခန်အပ်ဖို့ အလိုရှိနေကြတယ်လို့သိရပါတယ်။ မော်ရင်ဟိုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အခုလက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး ဘောလုံးအသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

နည်းပြ ဗယ်ဗာဒီလက်ထက် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံအဆင့်မှာ ဆီးမီးဖိုင်နယ် အဆင့်နဲ့သာ ထွက်ခဲ့ရပြီး လာလီဂါအမှတ်ပေး ဖလားတစ်ခုသာ ရရှိခဲ့တာဖြစ်ပါတယ်။ ယခုရာသီ ပွဲစဉ်(၁) မှာလည်း ဘီဘာအိုအသင်းကို အဝေးကွင်းမှာ ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံမှာ စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားကောင်းများကိုလည်း ခေါ်ယူထားပြီး ဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်း ပရိတ်သတ်တွေက နည်းပြ ဗယ်ဗာဒီကို အားမရဖြစ်နေကြပါတယ်။

မော်ရင်ဟိုကို အခြားလိဂ်မှ အသင်းကြီးတွေမှ ကမ်းလှမ်းခံရသော်လည်း သူအနေဖြင့် ဥရောပအသင်းကြီးတွေကိုသာ ကိုင်တွယ်လိုတယ်လို့ ထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပါတ်က မော်ရင်ဟိုနဲ့ အင်တာဗျူးမှာ မော်ရင်ဟိုဟာ သူအနေနဲ့ ယခုအချိန်မှာ ဘောလုံးကျွမ်းကျင်သုံးသပ်သူ အဖြစ်ဆောင်ရွတ်နေပေမယ့် သူရဲ့ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ နည်းပြအလုပ်ကို အလွန်လွမ်းဆွတ်နေပြီး ဖြစ်တယ်လို့ ဝမ်းနည်းမျက်ရည်ကျပြီး ထုတ်ဖော်ပြောဆိုခဲ့တာပါ။

မော်ရင်ဟိုဟာ စပိန်ကလပ်အသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ကိုင်တွယ်ဖူးသူတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းမှာလည်း နည်းပြအကြံပေးအဖြစ်ဆောင်ရွတ်ခဲ့ဖူးပါတယ်။ ကိုယ်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ အောင်မြင်မှု ဆုဖလားတွေကို ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ မော်ရင်ဟိုတစ်ယောက် လာလီဂါ ကလပ်ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့်ရရှိသွားမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။


19 Aug 2019     1,294 Views




RELATED

Most Popular of Football

Most Popular of Sport