BEC-TERO TV

ဟောင်ကောင်အရေးမှာ တရုတ်ပြည်မကြီးဘက်က ရပ်တည်လိုက်တဲ့ ဂျက်ကီချန်း

19 Aug 2019     1,575 Views


ကမ္ဘာကျော် စတန့်မင်းသားကြီး ဂျက်ကီချန်းဟာဆိုရင် ဟောင်ကောင်လူမျိုး သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ နာမည်ကြီး ဟောင်ကောင်ဇာတ်ကားစာရင်းထဲမှာဆိုရင် ဂျက်ကီချန်းကားတွေက မပါမဖြစ်ပါပဲ။ ဟောင်ကောင်မှာမွေး၊ ဟောင်ကောင်မှာကြီး၊ ဟောင်ကောင်ကနေပဲ ကမ္ဘာကျော်လာတဲ့ မင်းသားကြီး ဂျက်ကီချန်းဟာ တရုတ်ပြည်မကြီးဘက်က ထောက်ခံလိုက်တဲ့အခါ ဟောင်ကောင်မှာရှိတဲ့ ပရိတ်သတ်တွေ အကြီးအကျယ် စိတ်ဆိုးခဲ့ကြပါတယ်။ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် အေးချမ်းစေဖို့ ဂျက်ကီချန်း ဘယ်လို ပြောသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

လက်ရှိအခြေအနေအရ တရုတ်ပြည်မကြီးဘက်က ဟောင်ကောင်ကို ပြည်မနဲ့ တစ်သားတည်းဖြစ်အောင် စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဟောင်ကောင်ပြည်သူတွေအနေနဲ့ ပြည်မကြီးလက်အောက်မှာ နေထိုင်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတာကြောင့် တရုတ်ပြည်ဘက်က ပြန်လည်ထိန်းချုပ်ဖို့ စီစဉ်တဲ့အခါ လွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်လာကြတာပဲဖြစ်ပါတယ်။

ဟောင်ကောင်နိုင်ငံသား ဖြစ်တဲ့ ဂျက်ကီချန်းကတော့ ဟောင်ကောင်ပြည်သူတွေကို တရုတ်ပြည်မကြီး လက်အောက်မှာ အေးချမ်းစွာနေထိုင်ဖို့လိုလားကြောင်း CGTN မှ တစ်ဆင့်ပြောပြလာပါတယ်။

“ကျွန်တော့်အနေနဲ့ အခုလို ကိစ္စမျိုးတွေဖြစ်လာတာကို အမှန်တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီကိစ္စဖြစ်ဖြစ်ချင်းမှာပဲ ဟောင်ကောင်ကို ပြန်လာတာပါ။ ကျွန်တော် ဟောင်ကောင်သားတစ်ယောက်အနေနဲ့ရော တရုတ်နိုင်ငံသား တစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော့် တစ်သက်တာမှာ ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်ရောက် တရုတ်လူမျိုး တစ်ယောက်အနေနဲ့ ဂုဏ်ယူနေခဲ့ရတာပါ။ ဟောင်ကောင်ဟာလဲ တရုတ်လူမျိုးပါပဲ။

ကြယ်ငါးပွင့် ပါဝင်တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အလံနဲ့အတူ နိုင်ငံတကာမှာ တင့်တယ်နိုင်ခဲ့ပါတယ်။ ဒီအလံက ငြိမ်းချမ်းမှုတွေ၊ လုံခြုံမှုတွေ ပေးစွမ်းနိုင်တယ်လို့ ကျွန်တော်ခံစားရတယ်။ ဟောင်ကောင်က ကျွန်တော့်ရဲ့ အိမ်ပါပဲ။ ဟောင်ကောင်ကို ကျွန်တော်ချစ်တယ်၊ တရုတ်ပြည်ကိုလဲ ကျွန်တော်ချစ်တယ်။ ဒါကြောင့် ဟောင်ကောင်ကို အမြန်ဆုံး ငြိမ်းချမ်းစေဖို့မျှော်လင့်မိပါတယ်” ဆိုပြီး ပြောသွားပါတယ်။

Ref:CGTN

(ပိုပိုလေး)


19 Aug 2019     1,575 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS