BEC-TERO TV

ကိုရီးယား ကင်မ်ချီ က ထိပ်ပြောင်များကို လပိုင်းအတွင်း ဆံပင်ပြန်ပေါက်စေနိုင်

20 Aug 2019     1,618 Views


ကိုရီးယား၊ ဂျပန်လူမျိုးတို့အကြိုက် ချဉ်ပတ်တစ်မျိုးဖြစ်သည့် ‘ကင်မ်ချီ’ က ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ စမ်းသပ်ပြီးနောက် သုတေသီများ အသစ်ရှာဖွေတွေရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေး ကမ္ဘာ့ဂျာနယ်တွင် ဖော်ပြထားသည်။
 
 
ကင်မ်ချီ စားသုံးခြင်းဖြင့် အစာကြေလွယ်ပြီး ဝမ်းချုပ်တဲ့ပြဿနာကို ကောင်းစွာဖြေရှင်းနိုင်ကြောင်း ကနဦးကတည်းက အားလုံး သိရှိထားပြီဖြစ်ပြီး ယခုတစ်ခါ ထိပ်ပြောင်၊ ဆံပင်ကျွတ် အမျိုးသားများအတွက် ဆံပင်ပြန်ပေါက်နိုင်သော အစွမ်းရှိကြောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
ဒေးလီးမေးလ် သတင်းတွင် ဖော်ပြချက်အရ ဒန်ကွတ် တက္ကသိုလ်(Dankook University) မှ သူတေသီများက အမျိုးသား ၂၃ ဦးကို စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့ထဲမှ အချို့ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်သူများဖြစ်ပြီး အချို့ကတော့ လုံးဝခေါင်းပြောင်လုနီးပါး အမျိုးသားများဖြစ်ကြသည်။
 
 
သုတေသီများက တောင်ကိုရီးယားနိုင်ငံတွင် ရောင်းချလျှက်ရှိသော ကင်မ်ချီဖျော်ရည်ကို ပုံမှန်သောက်စေပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ နည်းစနစ်က ရိုးရှင်းလွန်းပါတယ်၊ ကင်မ်ချီဖျော်ရည်ကို မနက်အိပ်ယာထ နံနက်စာမစားမီ နဲ့ ညအိပ်ယာဝင်ခါနီးတို့မှာ တစ်ခွက်စီသောက်ရုံသာဖြစ်ပါတယ်။
 
 
စမ်းသပ်မှုပြုလုပ်ပြီး တစ်လအကြာမှာ ပျှမ်းမျှ ဦးခေါင်းရဲ့ ၁ စင်တီမီတာပတ်ချာလည်မှာ ဆံပင် ၈၅ ချောင်း ပြန်ပေါက်လာပါတယ်။ ၄ လလောက်အကြာမှာတော့ ဆံပင် ၉၀ ကနေ ၉၂ ချောင်းစီ ၁ စင်တီမီတာ ပတ်ချာလည်မှာ ပြန်ပေါက်လာတာကို တွေ့ခဲ့ရပါတယ်။
 
လက်ရှိစျေးကွက်ထဲမှာ ရောင်းချနေကြတဲ့ ဆံပင်ပေါက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးရှိပြီး ခဏတစ်ဖြုတ်သာ အကျိုးရှိတာကြောင့် ယခုလို သဘာဝနည်းလမ်းဖြစ်ပြီး ဘေးတွက်ဆိုးကျိုးလဲ မရှိတဲ့ ကင်မ်ချီဖျော်ရည် သောက်သုံးခြင်းက အမျိုးသားများ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို အန္တရာယ်အကင်းဆုံး ပြန်လည်ကုစားနိုင်မည့် နည်းလမ်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

 


20 Aug 2019     1,618 Views




RELATED

Most Popular of Health Fix

Most Popular of NEWS