BEC-TERO TV

ပေါ့ဘာ ပင်နယ်တီလွှဲချော်မှုအပေါ် ဆိုးလ်ရှားကာကွယ်ပြောကြား

20 Aug 2019     1,314 Views


ပရီးမီးယားလိဂ် ပွဲစဉ် (၂) ရဲ့ လက်ကျန်ပွဲစဉ်ကို တနင်္လာနေ့မနက်အစောပိုင်းက ဝုလ်ဗာဟန်တန် အသင်းနှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြပြီး ၁-၁ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ပွဲချိန် ၆၇ မိနစ်လောက်မှာ ဝုလ်အသင်းနောက်ခံလူ  ကိုအာဒီက ပေါ့ဘာကို ဖြတ်ထုတ်မှုကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က မန်ယူအသင်းကို ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

မန်ယူအသင်းမှာ ပင်နယ်တီကန်သွင်းဖို့တာဝန်ကို ပေါ့ဘာ နဲ့ ရက်ဖိုစ့်တို့က တာဝန်ယူထားရပြီး ဒီနေ့ပွဲမှာ ပေါ့ဘာက ပင်နယ်တီ ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့ ကန်သွင်းမှုကို ဝုလ်အသင်းဂိုးသမား ပက်ထရစ်စီယို  က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပေါ့ဘာ ရဲ့ ပင်နယ်တီလွှဲချောမှုအပေါ်ကို မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးတို့က ဝေဖန်သွားခဲ့ပြီး ပေါ့ဘာစာရင် ရက်ဖို့စ်ကို ကန်သွင်းသင့်ကြောင့် သုံးသပ်သွားခဲ့ပါတယ်။

နဗီးက “ ပင်နတီကို ဘယ်သူ ကန်သွင်းရမယ်ဆိုတာကို ကွင်းအပြင် အဝတ်လဲခန်းကတည်းက ကြိုတင်စီမံထားသင့်ပါတယ်။ ရက်ဖို့စ်ဟာ ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာတုန်းကလည်း ပင်နယ်တီ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူပဲ ဂိုးသွင်းယူသင့်ပါတယ်။ ” လို့ပြောကြားခဲ့ပါတယ်။

ရက်ဖို့စ်ဟာ ပင်နယ်တီကန်သွင်းရာမှာ ၁၀၀%  သေချာပြီး ရရှိခဲ့တဲ့ ပင်နယ်တီတိုင်းကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပေါ့ဘာဟာ ပင်နယ်တီကန်သွင်းရာမှာ လွှဲချောမှုများရှိခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ပင်နယ်တီကို (၄) ကြိမ်တိုင်လွဲချော်ခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာပင်နယ်တီ လွှဲချောမှုအပေါ်ကာကွယ်သွားခဲ့ပြီး ပင်နယ်တီ ကန်သွင်းရာမှာ ယုံကြည်ချက် ရှိဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “ ပေါ့ဘာ နဲ့ ရက်ဖိုစ့်ဟာ ပင်နယ်တီ ကန်သွင်းဖို့အတွက် တာဝန်ရှိတဲ့သူတွေဖြစ်ပြီး ပွဲအတွင်းမှာ ဘယ်သူကန်မလဲဆိုတာကို သူတို့ပဲဆုံးဖြတ်ပါလိမ့်မယ်။ ပေါ့ဘာဟာလည်း ပင်နယ်တီ ဂိုးကန်သွင်းရာမှာ ကောင်းမွန်သူတစ်ဦးဖြစ်ပြီး ဂိုးတွေလည်းအများကြီး သွင်းယူပေးခဲ့ပါတယ်။ ရက်ဖို့စ် ကပြီးခဲ့တဲ့ ပင်နယ်တီ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာလည်း ပေါ့ဘာဟာ ယုံကြည်ချက်အပြည့်နဲ့ ကန်သွင်းခဲ့တာပါ ၊ ကန်သွင်းပုံလည်းကောင်းခဲ့ပြီး ဝုလ်အသင်းဂိုးသမားက ကာကွယ်မှုကလည်း အံ့မခန်းပါပဲ ” လို့ပြောကြားခဲ့ပါတယ်။


20 Aug 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport