BEC-TERO TV

ကာမရယူမှုအတွက် နှုတ်ပိတ်ခ ပေါင် (၃) သိန်းကျော်ပေးခဲ့တယ်လို့ ရော်နယ်ဒိုဘက်မှဝန်ခံ

20 Aug 2019     1,454 Views


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုက ၂၀၀၉ ခုနှစ်က အမေရိကန်မော်ဒယ် မာယော်ဂါကို ကာမအတင်းရယူခဲ့တယ် စွပ်စွဲမှုဟာ မကြားသေးခင်ကမှ အမူပြီးသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဘက်က တော့ အဆိုပါကိစ္စမှာ ဒီကိစ္စအတွက် လူသိရှင်ကြားမဖြစ်စေဖို့အတွက် ပေါင်(၃၇၅၀၀၀)အထိပေးခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ ရှေ့ နေတွေက အခုလို နှုတ်ပိတ်ခပေးခဲ့တာဟာ မာယော်ဂါဘက်က စွပ်စွဲသလို ရော်နယ်ဒိုက ကာမအတင်းရယူခဲ့တာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် လက်စ်ဗီးဂက်စ်မြို့မှာ သူတို့နှစ်ယောက်အတူအိပ်ခဲ့ကြတာတော့ မှန်ပါတယ်။ ဒါဟာ ကာမအတင်းရယူခဲ့တာ မဟုတ်ပါဘူး နှစ်ဦးသဘောတူပါလို့ ရော်နယ်ဒိုဘက် ရှေ့ နေတွေက ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်မှာရော်နယ်ဒို ဟာ အဲဒီအချိန်က အပန်းဖြေဖို့အမေရိကားကို ရောက်ရှိနေချိန်ဖြစ်ပြီး ၊ မာယော်ဂါနဲ့ ကလပ်တစ်ခုမှာတွေ့ဆုံခဲ့ကြပါတယ်။ ထို့နောက်ရော်နာဒိုက မာယော်ဂါကို သူ့နေတဲ့ အခန်းဆီ ခေါ်ဆောင်ခဲ့ပြီး ရေချိုးကန်ထဲမှာ အတူတူ ရေးချိုးဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အမျိုးသမီး ကို အင်္ကျီတွေ လဲဖို့ပြောဆိုခဲ့ပြီးနောက် အ၀တ်လဲနေချိန်မှာပဲ ရော်နယ်ဒို အနားကို ကပ်လာပြီး အမျိုးမျိုး ငြင်းဆန်နေသည့် ကြားထဲကနေ အတင်းအဓမ္မ ရယူသွားခဲ့တာ ဖြစ်တယ်လို့ မာယော်ဂါက စွပ်စွဲအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။


20 Aug 2019     1,454 Views




RELATED

Most Popular of Football

Most Popular of Sport