BEC-TERO TV

ဂူဟဲဆောင်း၊ အန်ဂျယ်ဟွန်း နဲ့ အမျိုးသမီး CEO တို့သုံးယောက်ကြားကဆက်နွယ်မှု

20 Aug 2019     1,381 Views


F4 မင်းသမီး ဂူဟဲဆောင်းန်နဲ့ သရုပ်ဆောင် အန်ဂျယ်ဟွန်းတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ အကြင်လင်မယားအဖြစ်ကနေ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်းအသိပေးကြေငြာခဲ့ပါတယ်။ ဂူဟဲဆောင်းန်ဟာ သူမတို့ လင်မယားကွာရှင်းပြတ်စဲမယ့်အကြောင်းကို ခင်ပွန်းသည်က အေဂျင်စီ သူဌေးနဲ့တိုင်ပင်ခဲ့တာကြောင့် စိတ်ဆိုးခဲ့ပါတယ်။ အေဂျင်စီ သူဌေးက အမျိုးသမီးဖြစ်ပြီး သူမနာမည်ကတော့ Moon Bo Mi ပါ။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟဲဆောင်းန်ဘက်က ခင်ပွန်းသည်နဲ့ကွာရှင်းဖို့ သဘောမတူခဲ့ဘူးဆိုတာ သက်သေပြနေတဲ့ မက်ဆေ့ခ်ျစာဖိုင်တွေမှာ သူမဟာ သူဌေးနဲ့ ခင်ပွန်းသည် kakaotalk chat ထဲစကားပြောတာကို ကျေနပ်ပုံမရပါဘူး။

“သူဌေးနဲ့အတူ ငါ့ကို မက်ဆေ့ခ်ျထဲမှာ ဆဲဆိုထားတာတွေ့ရတယ်။ ငါ လက်ထပ်တုန်းကလိုမဟုတ်ဘူးပြောင်းလဲသွားပြီလို့နင်ပြောတယ်၊ ငါတို့နှစ်ယောက်ကြားက လင်မယားကိစ္စက အေဂျင်စီသူဌေးနဲ့ တိုင်ပင်ရလောက်တဲ့ထိ မသက်ဆိုင်ဘူးတင်တာပဲ” ဆိုပြီး သူမ အန်ဂျယ်ဟွန်းကို ပို့တဲ့ မက်ဆေ့ခ်ျထဲမှာ ရေးသားထားပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့မှာ HB Entertainment မှ ထုတ်ပြန်ချက်တစ်ခု ကြေညာလာပါတယ်။

“ကျွန်မတို့ အေဂျင်စီက သရုပ်ဆောင်နှစ်ယောက်ကို ပုဂ္ဂိုလ်ရေးနဲ့ ပတ်သတ်ပြီး အစည်းအဝေးလုပ်ပြီး အကြံဥာဏ်တွေပေးခဲ့ပြီးပါပြီ။ ဒါက သူတို့နှစ်ယောက်ရဲ့ ဘဝရှေ့ရေးနဲ့ ဆက်နွယ်နေတာမို့ အလွယ်တကူ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်သလို အကြံဥာဏ် အများကြီးပေးလို့ကောင်းတဲ့ ကိစ္စမျိုးလဲမဟုတ်ပါဘူး။ ကျွန်မတို့အတွက်တော့ နှစ်ယောက်မကွာရှင်းကြတာက အကောင်းဆုံးလို့ထင်ပါတယ်။”

“နှစ်ယောက်လုံးရဲ့ မာနတွေအားပြိုင်နေမှုကြောင့် ကျွန်မတို့လဲ စိတ်ပျက်စရာကိစ္စတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက အလုပ်နဲ့ပတ်သတ်ပြီး ထိခိုက်မှုမရှိအောင် လုပ်သွားမယ်လို့ ကတိပေးတာကြောင့် စိတ်အေးရပါတယ်။ ဂူဟဲဆောင်းန်၊ အန်ဂျယ်ဟွန်း တို့ အရင်အတိုင်း အလုပ်တွေ လည်ပတ်နိုင်အောင် ကုမ္ပဏီက ကူညီပေးသွားမှာပါ။ အချိန်တွေကုန်သွားနဲ့ ဒီအကြောင်းအရာကို လူတွေမေ့သွားမှာပါ။ နှစ်ယောက်လုံးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ စကားတွေ၊ သွားပုပ်လေလွင့် သတင်းတွေ ပြောလာတာမျိုးရှိရင် တရားဥပဒေအတိုင်း ကိုင်တွယ်ဖြေရှင်းသွားမှာပါ။” ဆိုပြီး ထုတ်ပြန်ကြေညာထားပါတယ်။

ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ စုံတွဲဟာ လူတိုင်းအားကျရတဲ့ မနဲ့မောင်စုံတွဲဖြစ်ပြီး အခုလို ကွာရှင်းပြတ်စဲလိုက်တဲ့အတွက် ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်နေရပါတယ်။ HB Entertainment ကို ဂူဟဲဆောင်းန်က ဒီနှစ်ထဲမှာမှ ပြောင်းရွေ့လာတာဖြစ်ပြီး အန်ဂျယ်ဟွန်းကတော့ သရုပ်ဆောင်စလုပ်ကတည်းက HB ကပဲဖြစ်ပါတယ်။ ဂူဟဲဆောင်းန် အေဂျင်စီပြောင်းပြီးမှ လင်မယားကြားအဆင်မပြေမှုတွေဖြစ်ပွားခဲ့ပြီး  အေဂျင်စီသူဌေးမ ဝင်ပါလိုက်တာကြောင့် အကြောင်းအရာတွေ ရှုပ်ထွေးသွားသလို ဖြစ်သွားတာကြောင့် ဂူဟဲဆောင်းန်ပရိတ်သတ်တွေက အေဂျင်စီသူဌေးမကို မကြည်ကြပါဘူး။

Ref:allkpop

(ပိုပိုလေး)

 


20 Aug 2019     1,381 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS