BEC-TERO TV

ပိုင်တံခွန်လိုပဲ ထိုင်းမလေးတွေကြား ရေပန်းစားနာမည်ကြီးလာဦးမယ့် အုပ်စိုးခန့်

20 Aug 2019     1,746 Views


ကိုရီးယားဆန်တဲ့ ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ဖမ်းစားထားတဲ့ အုပ်စိုးခန့်ကတော့ ဆယ်ကျော်သက်အရွယ်လူငယ်တွေကြားမှာ ရေပန်းစားတဲ့ တက်သစ်စ လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ကိုရီးယားအိုင်ဒေါတစ်ယောက်လို စတိုင်ကျတဲ့ပုံပန်းသွင်ပြင်နဲ့ လူငယ်ဆန်နေမှုတို့က နှုတ်ခမ်းနီမလေးတွေကို သဲသဲလှုပ်ရူးခါနေစေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေအပြင် မမတွေကြားမှာပါ အုပ်စိုးခန့်က နာမည်ကြီးနေတာပဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အသံချိုချိုအေးအေးလေးနဲ့ အချစ်သီချင်းတွေ၊ အဆွေးသီချင်းကို ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တာကြောင့် အုပ်စိုးခန့်ရဲ့သီချင်းတွေက လူကြိုက်များတဲ့သီချင်းတွေဖြစ်ခဲ့ပါတယ်။ တက်သစ်စလူငယ်အနုပညာရှင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ အုပ်စိုးခန့်ကတော့ အနုပညာအလုပ်တွေကို ပိုမိုအားသွန်ခွန်စိုက်လုပ်ကိုင်လာတာကိုလည်းတွေ့ရပါတယ်။ အုပ်စိုးခန့်ကတော့ လက်ရှိမှာ မြန်မာပြည်က ဆယ်ကျော်သက်ကောင်မလေးတွေကြား နာမည်ကြီးရုံသာမက မကြာခင်မှာပင် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်များကြားမှာပါ နာမည်ကြီးလာတော့မယ့်သူဖြစ်ပါတယ်။

အဘယ့်ကြောင့်ဆိုသော် ထိုင်းမီဒီယာတစ်ခုကနေ မြန်မာနိုင်ငံက ချစ်စရာကောင်းတဲ့အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်လေးတစ်ဦးဆိုပြီး အုပ်စိုးခန့်ရဲ့ပုံရိပ်တွေကို ဖော်ပြခြင်းခံခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း မော်ဒယ်ပိုင်တံခွန်ဟာဆိုရင် ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနာမည်ကြီးသွားသူဖြစ်ပါတယ်။ ထိုင်းမီဒီယာတွေမှာ အထူးပြုဖော်ပြခြင်းခံခဲ့ရတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းမလေးတွေကြားနာမည်ကြီးပြီးနောက်မှာ ထပ်မံပြီးတော့ မြန်မာနိုင်ငံမှ အချောဆုံး၊ အခန့်ညားဆုံး အနုပညာရှင် (၅) ဦးကို ထိုင်းမီဒီယာတွေမှာဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

ထိုထဲတွင် အုပ်စိုးခန့်ကလဲ တစ်ယောက်အပါအ၀င်ပါ။ မြန်မာနိုင်ငံမှ Handsome အဖြစ်ဆုံး မင်းသား (၅) ယောက်အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ အောင်ရဲလင်း၊ ပိုင်တံခွန်၊ ညိမ်းသော်နဲ့ အုပ်စိုးခန့်တို့ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ထိုထဲမှာမှ အဆိုတော်တစ်ဦးလည်းဖြစ် အသက်အငယ်ဆုံးလည်းဖြစ်တဲ့ အုပ်စိုးခန့်ကို ထိုင်းပေ့ခ်ျတစ်ခုကနေ နောက်ထပ်မြန်မာနိုင်ငံကချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ဆိုပြီး အုပ်စိုးခန့်ရဲ့ပုံရိပ်တွေနဲ့အတူ သူ့ရဲ့စွဲမက်ဖွယ်အပြုံးလေးတွေက ထိုင်းမလေးတွေကြွေဆင်းကျသွားလောက်တယ်ဆိုပြီး အထူးရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့်လဲ အုပ်စိုးခန့်ရဲ့ပရိသတ်တွေက သူ့အတွက်ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့ နေပါတယ်။

ကဲ ပရိသတ်ကြီးရေ… မော်ဒယ်ပိုင်တံခွန်အပြင် အုပ်စိုးခန့်ကလည်း ထိုင်းမလေးတွေရဲ့ အသဲနှလုံးကို မကြာခင်မှာပဲ သိမ်းပိုက်ဖမ်းစားတော့မှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ လူငယ်ဆန်နေမှုတို့က မြန်မာမလေးတွေအပြင် ထိုင်းမလေးတွေကိုပါ ဖမ်းစားနိုင်မယ်ဆိုတာကတော့ အသေအချာပါပင်။

 

(ပိုပိုလေး)

 


20 Aug 2019     1,746 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment