BEC-TERO TV

မိန်းကလေးတွေနဲ့ အရောတဝင်နေတဲ့ ခင်ပွန်းသည်အကြောင်းပြောပြလာတဲ့ ဂူဟဲဆောင်းန်

21 Aug 2019     1,326 Views


ပရိတ်သတ်တွေ F4 မင်းသမီးလေးလို့ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းဘက်က အရင်ကွာရှင်းလိုကြောင်း အင်စတာဂရမ်မှာ screenshot များနဲ့အတူ ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ်ပြီးနောက် နှစ်ယောက်လုံးရဲ့ အေဂျင်စီဖြစ်တဲ့ HB Entertainment မှ နှစ်ဦးသဘောတူ ကွာရှင်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ ဒါပေမဲ့ ယနေ့ ဂူဟဲဆောင်းန် အမှုဆောင်ရှေ့နေ ထုတ်ပြန်ချက်အရ သူမဟာ လက်ရှိအချိန်ထိ ကွာရှင်းဖို့ သဘောမတူသေးကြောင်း သိရပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဟဲဆောင်းန်ဘက်က အမှုဆောင်ရှေ့နေထုတ်ပြန်ချက်>>

“ဂူဟဲဆောင်းန်နဲ့ အန်ဂျယ်ဟွန်းတို့ ကွာရှင်းဖို့ ညှိနှိုင်းနေတဲ့ အခြေအနေမှာပဲရှိနေပါသေးတယ်။ သူမဟာ အခုချိန်ထိ ကွာရှင်းဖို့ သဘောတူထားတာမျိုးမရှိပါဘူး။

နှစ်ယောက်လုံးရဲ့ ဆန္ဒပါဝင်မှာ နှစ်ဦးသဘောတူ ကွာရှင်းလို့ရတာကြောင့် တရားရုံးက ဒါကို ခေတ္တဆိုင်းငံ့ထားပါတယ်။ ရုံးချိန်းရက်အတိအကျ သတ်မှတ်ထားခြင်းမရှိသေးသလို လက်မှတ် ထိုးထားတာမျိုးလဲ မရှိသေးပါဘူး။

ဂူဟဲဆောင်းန် ကိုယ်တိုင် ပြောပြချက်အရ ခင်ပွန်းသည် အန်ဂျယ်ဟွန်း သူမအပေါ် အရင်ကလောက် ဂရုမစိုက်တော့တာတွေ၊ အရက်မူးလာတဲ့အခါတိုင်း အသိမိန်းကလေးမိတ်ဆွေတွေနဲ့ အရောတဝင် ဆက်သွယ်တာမျိုးတွေကို ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် အင်စတာဂရမ်မှာ screenshot များကို တင်ရခြင်းဖြစ်ပါတယ်။ သူမအတွက် သူ့အပေါ်ထားရှိတဲ့ ယုံကြည်ချက်တွေကို ရိုက်ချိုးခံရတာကြောင့်သာဖြစ်ပါတယ်။

ဂူဟဲဆောင်းန်ဟာ ဒီအကြောင်းအရာတွေကို နေမကောင်းတဲ့ သူမအမေကို ကာကွယ်ဖို့ အင်စတာဂရမ်မှာတင်ပေးခဲ့တာဖြစ်ပြီး သူမဘက်က ယနေ့အချိန်ထိ ကွာရှင်းဖို့သဘောတူထားခြင်းမရှိသေးပါဘူး။ တစ်ဖန် ဂူဟဲဆောင်းန် ကွာရှင်းဖို့ သဘောတူလိုက်ကြောင်း အတည်ပြုလိုက်တဲ့ အေဂျင်စီ HB Entertainment ကနေ ထွက်တော့မည်ဖြစ်ကြောင်းကိုလဲ အသိပေးလိုက်ပါတယ်။

HB Entertainment ဟာ အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝကိုပါ စိုးမိုးခြယ်လှယ်နေတာကြောင့် သူမအနေနဲ့ ဒီလို အေဂျင်စီမျိုးမှာ ဆက်နေဖို့ စိတ်ကူးမရှိကြောင်း ပြောပါတယ်။

ပြီးတော့ သူတို့နှစ်ယောက် ကွာရှင်းမယ်ဆိုတာကလဲ အတည်မပြုရသေးပါဘူး။ ဆက်လက်ပြီး သတင်းအမှားတွေ မဖွကြဖို့ တောင်းဆိုပါရစေ။ အခုလို ပုဂ္ဂိုလ်ရေး ကိစ္စတွေ လူသိရှင်ကြားဖြစ်လာပြီး လူထုပရိတ်သတ်ကို စိုးရိမ်စေတဲ့အတွက် တောင်းပန်ပါတယ်” ဆိုပြီး ထုတ်ပြန်ကြေညာလာပါတယ်။

ကွာရှင်းဖို့က မသေချာသေးတာမို့ ပရိတ်သတ်ကြီးပျော်ရမယ့် အချိန်လို့ ပြောရမှာပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 

 


21 Aug 2019     1,326 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS