BEC-TERO TV

စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ မက်ဆီက ရော်နယ်ဒိုထက် နှစ်ဆနီးပါး ပိုကောင်းနေ

21 Aug 2019     1,460 Views


ဘောလုံးလောကမှာ မက်ဆီနဲ့ ရော်နယ်ဒိုအကြား ဘယ်သူကပိုကောင်းလဲဆိုတာကို ဝေခွဲမရဖြစ်ခဲ့ကြပြီး ပရိတ်တွေကြားမှာလည်း ဘယ်သူကပိုကောင်းလဲဆိုတာ အမြဲငြင်းခုန်လေ့ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကြာ စိုးမိုးထားပြီး အသင်းလိုက်ရော၊ တစ်ဦးချင်းရော အကောင်းဆုံး ဆုတံဆိပ်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

ဒီဝေခွဲမရတဲ့ ပြသာနာကို ဘယ်ဂျီယံ KU Leuven တက္ကသိုလ်က သိပ္ပံပညာရှင်တွေက စူပါကွန်ပျူတာဖြင့် အဖြေထုတ်ခဲ့ကြပြီး လေ့လာမှုအရ မက်ဆီက ရော်နယ်ဒိုထက် အများကြီးပိုကောင်းတယ်ဆိုတာကို တွေ့ ရှိခဲ့ကြပါတယ်။ စူပါကွန်ပျူတာဖြင့် လေ့လာမှုမှာ သွင်းဂိုးနဲ့ ဖန်တီးမှုကိုပဲ အဓိကထား တွက်ချက်တာ မဟုတ်ဘဲ ကွင်းအတွင်းမှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာကိုပါ တွက်ချက်တာဖြစ်ပါတယ်။

KU Leuven တက္ကသိုလ်က ပရော်ဖက်ဆာ ဂျက်စီဒေးဗစ်စ်က “ကျွန်တော်တို့ ဒီတိုင်းတာမှုဟာ ကစားသမားတစ်ယောက်ရဲ့ သွင်းဂိုး ၊ ဖန်တီးမှုကိုပဲ ကြည့်ပြီး တွက်ချက်တာမဟုတ်ပါဘူး ။ ဘောလုံးကွင်းအတွင်းမှာ လုပ်ဆာင်မှုပေါင်း (၁၆၀၀) လောက် ပျမ်းမျှရှိပါတယ်။ ကန်ချက် ၊ ကျော်ဖြတ်မှု ၊ ဖြတ်ထုတ်နိုင်မှု စသဖြင့် အသေးစိတ်ကို ပြန်ကြည့်တွက်ချက်တာဖြစ်ပါတယ် ” လို့ ပြောပါတယ်။

အခုလေ့လာမှုဟာ ၂၀၁၃-၁၄ ရာသီကနေ ၂၀၁၇-၁၈ ရာသီအတွင်းမှာ စွမ်းဆောင်နိုင်ခဲ့တဲ့ အချက်အလတ်တွေသာဖြစ်ပြီး ထည့်သွင်းတွက်ချက်လိုက်တဲ့အခါမှာတော့ မက်စီက ရော်နယ်ဒို သာလွန်ကောင်းမွန်နေပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်စီကတော့ တစ်ပွဲကို ပျမ်းမျှ (၁.၂၁) ရမှတ်ရရှိပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ (၀.၆၁)မှတ် သာရရှိခဲ့ပါတယ်။ ဒါကြောင့် မက်စီက ရော်နယ်ဒိုထက် နှစ်ဆနီးပါးလောက် သာလွန်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့ PhD ကျောင်းသား Tom Decroos ကတော့ “ ပထမရာသီအတွင်း မှာ သူတို့နှစ်ဦး နှိုင်ယှဉ်မှုက သွင်းဂိုးအရတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်အသာမရခဲ့ပါဘူး ။ ၂၀၁၅-၁၆ ရာသီက စပြီး မက်ဆီက ရော်နယ်ဒိုထက် အပြတ်အသတ်အသာရလာခဲ့ပါတယ်။ ကစားသမားတွေတိုင်းက တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုတွေက အများအပြားရှိကြပါတယ်။ ဥပမာ ပေါ့ဘာလို ကစားသမားတွေပေါ့၊

တစ်ချို့ကစားသမားတွေကျတော့လည်း ကွင်းထဲ့မှာ ဘောလုံးထိချက်နည်းပြီး ပွဲအပေါ်သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဥပမာ ဟာရီကိန်း၊ ဆာလာ ၊ ရော်နယ်ဒို တို့လို့ကစားသမား တွေပေါ့ ” လို့ ပြောပါတယ်။ ဒီစမ်းသပ်မှုမှာ မက်စီက ရော်နယ်ဒိုထက်အစစအရာရာအသာရနေတာကြောင့် မက်စီဖန်တွေကတော့ စူပါကွန်ပျူတာအပေါ် ကျေနပ်နေကြမှာပါ။

Ref ; givemesport


21 Aug 2019     1,460 Views




RELATED

Most Popular of Football

Most Popular of Sport