BEC-TERO TV

လောင်းကစားကြောင့် ဘ၀ပျက်ခဲ့ဖူးတယ်ဆိုတဲ့ ခင်လှိုင်

21 Aug 2019     1,393 Views


 ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အ၀ရရှိထားတဲ့ ခင်လှိုင်ဟာဆိုရင် အနုပညာလောကထဲကို လူရွှင်တော်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဟာသသရုပ်ဆောင်၊ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်လုပ်ကိုင်ရင်း လက်ရှိအချိန်ထိ အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေဆဲဖြစ်တဲ့ ခင်လှိုင်ကတော့ ကုသိုလ်ရေးမှာလည်း သဒ္ဒါတရားမြင့်မားသူတစ်ယောက်ဖြစ်ကာ အလှူအတန်းလက်နဲ့မပြတ်အောင် ဆောင်ရွက်နေသူဖြစ်ပြီး ပရဟိတစိတ်အပြည့်ရှိသူလည်းဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ထားပြီး ရေရှားပါးတဲ့နေရာဒေသတွေမှာ ရေအကျိုးဆယ်ပါးကုသိုလ်ကို လိုက်လံပြုလုပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ချို့တဲ့နွမ်းပါးတဲ့ လူရွှင်တော်ကြီးများ၊ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးများကို လစဉ်လတိုင်း ငွေကြေးကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေတဲ့ ပရဟိတစိတ်ကြောင့် ဦးခင်လှိုင်ကို လူတိုင်းကချစ်ခင်လေးစားနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများကို အလှူပစ္စည်းများသွားရောက်လှူဒါန်ရင်း စိတ်ဓာတ်ခွန်အားပြန်လည်ရရှိစေဖို့ ဖျော်ဖြေမှုတွေပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။ စိတ်သဘေားထားကောင်းမွန်တဲ့ ဦးခင်လှိုင်တစ်ယောက် တစ်ချိန်က လောင်းကစားကြောင့် ဘ၀ပျက်ခဲ့ဖူးတဲ့အကြောင်းကို ထုတ်ပြောပြလာပါတယ်။

ဦးခင်လှိုင်က အရင်ကလောင်းကစားလုပ်ဖူးခဲ့ပေမယ့် လက်ရှိမှာအကုန်လုံးကိုစွန့်လွှတ်လိုက်ပြီဆိုတဲ့အကြောင်းကို “လောင်းကစားလုပ်ရတာ မကြိုက်ဘူး။ အရင်တုန်းက ပွဲသွားကရင် ကိုယ့်ရှေ့မှာလောင်းကစားခုံတွေအများကြီးတွေ့ပေမယ့် လောင်းကစားမဆော့ဘူး။ ငယ်ငယ်တုန်းကတော့ ဖဲတွေဘာတွေရိုက်တယ်။ အခုဘာလို့မလုပ်တော့တာလဲဆိုတော့ ကိုယ်ကလက်အရမ်းကြီးတယ်။ အနိုင်အရှုံးကိုကြမ်းမှကြိုက်တာ၊ အဲ့တာကစီးပွားပျက်မယ့်ကိစ္စဆိုတော့ အဲ့ဝါသနာကို လုံးဝစွန့်လွှတ်လိုက်တယ်။ လောင်းကစားလုံးဝ မလုပ်တော့ဘူး၊ ဘောလုံးကတော့ ကြည့်လည်းမကြည့်ဘူး လောင်းလဲမလောင်းဘူး ကြိုက်လဲမကြိုက်ဘူး” လို့ဆိုပါတယ်။

လောင်းကစားကြောင့် ဘ၀ပျက်ခဲ့ဖူးတဲ့အကြောင်းကိုတော့ “လောင်းကစားကြောင့် ဘ၀ပျက်တာရှိခဲ့ဖူးတယ်။ နှလုံးထီကြောင့် ဘ၀ပျက်ခဲ့ဖူးတယ်၊ အိမ်တွေ ကားတွေပါသွားဖူးတယ်။ အဲ့ဒီ့ထဲက ပြီးသွားပြီ။ ဒီတစ်ခါဘ၀ထပ်ပျက်ရင် သူတောင်းစားဖြစ်တော့မယ်” ဆိုပြီး ရယ်စရာအဖြစ် ဟာသလေးပါနှောပြီးပြောပြသွားပါတယ်။

လောင်းကစားလုပ်ခြင်းက မကောင်းဖူးဆိုတဲ့အကြောင်းကို “ဘယ်အရာမှတော့ မကောင်းဘူး။ လောင်းကစားဖြစ်ဖြစ်၊ မူးယစ်ဆေးဝါးဖြစ်ဖြစ်၊ အရက်သေစာဖြစ်ဖြစ် ဘယ်ဟာမှမကောင်းဘူး။ ဒါပေမယ့် ဖြည့်တွေးမယ်ဆိုရင်တော့ အရက်ကနဲနဲတော်သေးတယ်။ ၁ သိန်းတန်အရက်သောက်မှာလား၊ ၂ သိန်းတန်သောက်မလား အဲ့ပုလင်းကုန်ရင် မူးပြီးအိပ်သွားမှာ။ လောင်းကစားနဲ့ မူးယစ်ဆေးဝါးမှာကျ Limit မရှိဘူး။ ရှုံးရင်လိုက်မယ်၊ လိုက်ရင်မျောမယ်၊ မျောရင်ကုန်မယ်။ လောင်းကစားသမားတွေ ပြောနေကျစကားရှိတယ် လှေမြောလှေနဲ့လိုက်၊ ရေမြောရေနဲ့လိုက်၊ ငွေမြောငွေနဲ့လိုက်တဲ့။ ဒီစကားက သူတို့အတွက်တော့ မှန်ကောင်းမှန်လိမ့်မယ်။ တစ်ချို့ကစားဝိုင်းထဲဝင်ထိုင်ပြီး ရှုံးတော့မှ အရင်းရရင် တော်ပြီကွာဆိုတဲ့သူတွေကို အရမ်းရယ်ချင်တယ်။ အရင်းရချင်အစောကြီးထဲက ၀င်မဆော့နဲ့လေ။ အစောထဲက အရင်းပဲလေ။ အဲ့ကြောင့်ပြောရရင် လောင်းကစားဆိုတာ ဘယ်လိုမှကောင်းကျိုးမပေးတဲ့အရာပါ” ဆိုပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ပြောပြသွားပါတယ်။

 

Source_PopularJournal

(ပိုပိုလေး)


21 Aug 2019     1,393 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment