BEC-TERO TV

မြန်မာလူမျိုးတစ်ယောက်ရဲ့ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ရီးဒင်း ကစားသမား

21 Aug 2019     1,330 Views


ရီဒင်းတောင်ပံတိုက်စစ်မှူး ရာကူ မိုက်တီဟာ ပြီးခဲ့တဲ့ အပါတ်က ကာဒစ်အသင်းကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲပြီးနောက် တွက်တာမှတဆင့် လူမျိုးရေးခွဲခြားခံရတဲ့ မက်ဆေ့ တချို့ရရှိခဲ့တယ်လို့ သူရဲ့ တွက်တာစာမျက်နှာမှာ ဖော်ပြသွားခဲ့ပါတယ်။

ရီးဒင်းအသင်းဟာ ကာဒစ်ကို ၃-၀ ဖြင့်အနိုင်ရရှိနေပြီး ပွဲပြီးဆုံးခါနီးလောက်မှာ ပင်နယ်တ်ီရရှိခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို လူစားဝင်ကစားသမား မိုက်တီက ကန်သွင်းခဲ့ပြီး လွဲချော်ခဲ့တာဖြစ်ပါတယ်။ ထို့ဂိုးကို လွဲချော်ခဲ့တဲ့အတွက်ကြောင့် ပွဲအပြီးမှာ လူမျိုးရေး ခွဲခြားစာ တချို့ကိုလက်ခံရရှိခဲ့ပါတယ်။ အဆိုပါ မက်ဆေ့ကို အသက် ၂၃ နှစ်အရွယ် ရာကူ မိုက်တီက screen shot ရိုက်ပြီး public နဲ့တွက်တာ စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

ထို့စာကို မြန်မာနာမည်နဲ့ စောပြည့်ထူးဆိုတဲ့ လူက မက်ဆေ့ပို့ခဲ့တာဖြစ်ပါတယ်။ ပါဝင်တဲ့အကြောင်းအရာက မိုက်ကီကို ' f***ing monkey ’ လို့သုံးနှုန်းခဲ့ပြီး “ပင်နယ်တီတောင် ဝင်အောင်မကန်နိုင်ဘူးလား”ဆိုပြီး ရေးသားထားတာပါ။ ဒါကိုမိုက်တီက “ကျွန်တော်ဘာမှပြောနေစရာလိုပါဘူး” ကပ်ရှင်စာသားကိုရေးသားပြီး တွက်တာမှာ screen shot တွေနဲ့တင်ပေးခဲ့ပါတယ်။

ဒါကို သူကစားနေတဲ့ ရီဒင်း official page ကလည်း ဒီအကြောင်းအရာတွေနဲ့ပါတ်သတ်ပြီး ကျွန်တော်တို့ ဘာကိုမှမှတ်ချက်ပေး တုံ့ပြန်သွားမှာ မဟုတ်ပါဘူး။ အဲ့အစား စကားလုံးပေါင်း (၁၀၀၀) လောက်ကိုဖော်ကျူးတဲ့ ပုံလေးနဲ့ ဖော်ပြပေးလိုက်ပါတယ်ဆိုပြီး " We've got Meite... Yakou Meite ... " စာသားလေးနဲ့ မိုက်တီကို အားပေးခဲ့ပါတယ်။

Ref; dailymail


21 Aug 2019     1,330 Views




RELATED

Most Popular of Football

Most Popular of Sport