BEC-TERO TV

အသက် ၅၆ နှစ်ကွာပေမယ့် သမီးက ဖိုးဖိုးကို မြင်မြင်ချင်း ချစ်မိခဲ့တာပါ

21 Aug 2019     1,421 Views


အသက် ၂၇ နှစ်အရွယ် အပျိုစင် အမျိုးသမီးလေးက အသက် ၈၃ နှစ်အရွယ် ဖိုးဖိုးကို မြင်မြင်းချင်း ချစ်မိခဲ့တာကြောင့် နောက်ဆုံးမှာ ဖူးစာရေးနတ်ရဲ့ အလိုကျ ပေါင်းဖက်ခဲ့ကြပါတယ်။ အခု သြဂုတ်လထဲမှာ ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက မင်္ဂလာပွဲလေးက အချစ်ဆိုတာ အသက်အရွယ်နဲ့ (လုံးဝ)မသက်ဆိုင်ဘူး ဆိုတာကို အကောင်းဆုံး သက်သေပြသွားခဲ့ပြန်ပါတယ်။
 
 
အသက် ၅၆ နှစ်ကွာခြားတဲ့ မင်္ဂလာစုံတွဲရဲ့ သတင်းက ချက်ခြင်းဆိုသလို အွန်လိုင်းပေါ် အကြီးကျယ်ပျံ့နှံ့ခဲ့ပြီး အချစ်ဆိုတာ ဂျိုနဲ့လားလို့ မေးတတ်တဲ့ FA တွေက မိန်းကလေးက ပြုစားခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဝေဖန်ဒေါပွ ပြောဆိုနေကြပါတယ်။
 
အမျိုးသားကြီး Sudirgo ဟာ သူ့ဒေသမှာတော့ နာမည်အလွန်ကြီးတဲ့ နတ်ဆရာကြီးဖြစ်ပါတယ်။ လူတွေကို သူတတ်တဲ့ ပညာနဲ့ ကူညီလေ့ရှိတာကြောင့် လူတွေကလည်း တစ်ခုခုအခက်ခဲကြုံတာနဲ့ သူ့ဆီကို အားကိုးတကြီး ရောက်လာတတ်ကြပါတယ်။ 
 
တစ်ရက်မှာတော့ သတို့သမီးလေးဖြစ်လာမယ့် Nuraeni ရဲ့ မိဘတွေဟာ ဆရာကြီးဆီ ရောက်လာပြီး အကူညီတောင်းခံ တွက်ချက်ပါတယ်၊ Nuraeni လည်း သူတို့နဲ့အတူ တစ်ပါတည်း ပါလာခဲ့ပါတယ်။
 
အဲဒီမှာတင် Nuraeni က နတ်ဆရာကြီး Sudirgo ကို မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ ဆရာကြီးထံကို မကြာခဏလာရင်းနဲ့ နတ်ဆရာကြီးရဲ့ နှလုံးသားတွေ အရည်ပျော်ပြီး သူတို့နှစ်ဦး ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်၊ ဒါပေမယ့် အသက်အရွယ် ကွာခြားလွန်းတာကြောင့် လက်ထပ်ပေါင်းသင်းဖို့ထိတော့ နတ်ဆရာကြီးက မစွန့်စားရဲခဲ့ပါဘူး။ (အံမယ်.. သူကများ..)
 
အချစ်မှာ အသက်အရွယ်တွေ အတားအဆီးတွေ မရှိဘူးလို့ ခံယူထားတဲ့ Nuraeni ရဲ့ တရားတွေကို ဆရာကြီး ပြန်နာကြားခဲ့ရပြီး နောက်ဆုံးမှာ နှစ်ဦးသဘောတူ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နှစ်ဘက်အသိုင်းအဝိုင်းနဲ့ နတ်ဆရာကြီးရဲ့ သားသမီးတွေက Nuraeni ကို နစ်နာမှာစိုးရိမ်ပြီး စဉ်းစားပါဦးလို့ နားချခဲ့ပါတယ်။
 
ဒီအခါမှာ Nuraeni က နတ်ဆရာကြီးကလွဲလို့ သူ့ဘဝမှာ ဘယ်သူ့ကိုမှ လက်မထပ်ဖူးလို့ ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့အတွက် မင်္ဂလာပွဲကို သဘောတူပေးလိုက်ကြရပါတယ်။
 
 
 
 
 
 
မင်္ဂလာပွဲကို သူတို့ရဲ့ ဒေသဖြစ်တဲ့ Desa Jatilaba မှာ သြဂုတ်လ ၁၈ ရက်နေ့က ရိုးရာဓလေ့ထုံစံအတိုင်း နှစ်ဖက် ဆွေမျိုးများ၊ ဒေသခံများ သက်သေထားကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
(ကဲ.. ဝေဖန်လို့ရပါပြီ)

 


21 Aug 2019     1,421 Views




RELATED

Most Popular of Special or Others

Most Popular of NEWS