BEC-TERO TV

မန်ယူအသင်းရဲ့  Fantasy Premier league မှာ ရမှတ်အများဆုံးနဲ့ စမောလင်းဦးဆောင်

22 Aug 2019     1,414 Views


မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ ပရီးမီးယားလိဂ်ရဲ့ တရားဝင် Fantasy Premier league မှာ လိဂ်ဖွဲ့ ပြီးတော့ ကစားခဲ့ကြပါတယ်။ လိဂ်နာမည်ကို  'The MUFC Tiki-Taka Fantasy ’ လို့အမည်ပေးထားပြီး ထိုလိဂ်မှာ စမောလင်း ၊ ဖီဂျုံ ၊ လုရှော့ ၊ ပါရဲယား ၊ မက်ဂွဲယား ၊ အက်ရှက်လေယန်း ၊ လီး ဂရန့် ၊ ဒန်နီရယ် ဂျိမ်းတို့ပါဝင်ခဲ့ကြပါတယ်။

အဆိုပါ လိဂ်မှာ မန်ယူနောက်ခံလူ စမောလင်းဟာ ရမှတ် ၁၃၈ မှတ်နဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်ထားနေပြီး မန်စီ်းတီးမှကစားသမားတွေဖြစ်ကြတဲ့ ဇင်ချန်ကို ၊ စတားလင်း ၊ ဒီဘရိုင်း တို့ရဲ့ စွမ်းဆောင်ရည်ကြောင့် အမှတ်တွေရရှိခဲ့ပါတယ်။ မန်စီးတီးကစားသမားတွေဟာ ပွဲစဉ် (၂) အပြီးမှာ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ရမှတ် (၁၈) မှတ်အထိရရှိခဲ့ပါတယ်။  စမောလင်းရဲ့ Fantasy Premier league (၁၅) ယောက် လူစာရင်းမှာ မန်ယူကစားသမားတွေဖြစ်တဲ့ မာရှယ် နဲ့ ဂရင်းဝှဒ် တို့လည်း ပါဝင်ခဲ့ပါတယ်။

အက်ရှက်လေးယန်းရဲ့ လူစာရင်း

 

အသင်းဖော် နောက်ခံလူ ဖီဂျုံရဲ့ လူစာရင်းမှာ လီဗာပူးလ်ကစားသမားအများစု ပါဝင်ခဲ့ပြီး ရော်ဘတ်ဆန် ၊ ဆာလက် ၊ မာနေး တို့ပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းမှကစားသမားဆိုလို့ ဝမ်ဘစ်ဆာကာသာ ပါဝင်ခဲ့ပါတယ်။ အက်ရှက်လေးယန်းကတော့ မန်ယူအသင်းမှ ကစားသမားတစ်ဦးမှ ရွေးချယ်ခြင်းမရှိဘဲ မန်စီးတီး ၊ လီဗာပူးလ်တို့မှ ကစားအချို့ကို ရွေးချယ်ခဲ့ပါတယ်။ အသင်းဖော် လူငယ်တိုက်စစ်မှူး ဒန်နီရယ်ဂျိမ်းကတော့ ရမှတ်(၇၂) မှတ်နဲ့ အောက်ဆုံးမှာရပ်တည်ခဲ့ပါတယ်။

မန်ယူကစားသမားတွေ ရွေးချယ်ထားတဲ့ (၁၁) ယောက်လူစာရင်း

Chris Smalling: De Gea; Kelly, Van Dijk, Zinchenko, Robertson; Sterling, Martial, De Bruyne, Salah; Adams, King.

Phil Jones: Patricio; Keane, Wan-Bissaka, Robertson, Lascelles; Salah, Sterling, Mane, Neves; Barnes, Kean

Luke Shaw: Pickford; Hanley, Smith, Wan-Bissaka; Sterling, De Bruyne, Fraser, Maddison, Martial; Aguero, King.

Joel Pereira: Leno; Alexander-Arnold, Maitland-Niles, Van Dijk; Richarlison, Martial, Salah, A. Pereira; Rashford, Aubameyang, King.

Harry Maguire: Adrian; Robertson, Keane, Dunk, A. Smith; Salah, Bernardo, Richarlison, Martial; Rashford, Kane.

Ashley Young: Ederson; Azpilicueta, Walker, Van Dijk, Matip; Lanzini, Neves, Moutinho, Townsend; Aubameyang, Aguero.

Lee Grant: Ryan; Chilwell, Wan-Bissaka, Soyuncu; Bernardo, Tielemans, Martial, Mane; Rashford, Kane, Deulofeu.

Andreas Pereira: Pickford; Ake, Laporte, Wan-Bissaka; Martial, Zaha, Bernardo, Maddison; Jesus, Aubameyang, Kean.

Daniel James: Ederson; Ake, Robertson, Maguire, Walker-Peters; Fraser, James, Pulisic, Zaha; Kane, Rashford.


22 Aug 2019     1,414 Views




RELATED

Most Popular of Football

Most Popular of Sport