BEC-TERO TV

လင်မယားကြားက အရှုပ်အရှင်းတွေကြောင့် တောင်းပန်လိုက်ရတဲ့ အန်ဂျယ်ဟွန်း

22 Aug 2019     1,332 Views


ကိုးရီးယားဇာတ်လမ်းတွဲ ကောင်မလေးတွေ သည်းသည်းလှုပ်ဖြစ်ကြတဲ့ သရုပ်ဆောင် အန်ဂျယ်ဟွန်း ဇနီးသည် ဂူဟဲဆောင်းကို ကွာရှင်းလိုကြောင်း ဂူဟဲဆောင်းန် အင်စတာဂရမ်ကနေ လူအများသိခွင့်ရခဲ့ပါတယ်။ အများစုက အန်ဂျယ်ဟွန်းကို မကောင်းတဲ့ဘက်က အမြင်နဲ့ ပြောဆိုနေတာကြောင့် အန်ဂျယ်ဟွန်းဘက်က ဖြေရှင်းချက်ကိုထုတ်ပြန်လာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“မင်္ဂလာပါ ကျွန်တော် အန်ဂျယ်ဟွန်းပါ။ ပုဂ္ဂိုလ်ရေးတွေ အခုလို လူသိရှင်ကြား ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ဘက်က ဂူဟဲဆောင်းန်ကို တကယ်ချစ်လို့၊ လေးလဲလေးစားလို့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ဒီကိစ္စကို လင်မယားကြား တိုးတိုးတိတ်တိတ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဘာမှမပြောဘဲ ငြိမ်နေခဲ့တာပါ။

ဒါပေမဲ့ လတ်တလောအခြေအနေတွေအရ ကျွန်တော်အပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ အသိမိတ်ဆွေတွေကိုပါ ထိခိုက်လာတာဖြစ်လို့ မပြောမဖြစ်ပြောလိုက်ရပါတယ်။ ဘယ်သူမဆို လက်မထပ်ခင်တော့ ပျော်ရွှင်ရမယ် ထင်ပြီး လက်ထပ်ခဲ့တာပါပဲ။ အိမ်ထောင်သက်တမ်း သုံးနှစ်လုံး ကျွန်တော်မပျော်ရွှင်ခဲ့ရပါဘူး။

လင်မယားချင်း ပြန်အဆင်ပြေအောင်လုပ်ဖို့ ကြိုးစားကြည့်ပေမယ့် အနေနီးစပ်ဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ခွဲနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ခွေး(၅) ကောင်နဲ့အတူ သူအိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရအောင် ကျွန်တော်ထွက်သွားပေးတယ်။ ဇူလိုင် ၃၀ မှာ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတောင်းတဲ့အတိုင်း နစ်နာကြေးပေးခဲ့တယ်။ ဒါက ကျွန်တော်ချစ်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ကို ကူညီချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ပေးခဲ့တာ။ သူ ပိုက်ဆံမလောက်လို့ အတူနေတဲ့ တိုက်ခန်းကိုတောင်းတော့ ကျွန်တော် အေဂျင်စီနဲ့ တိုင်ပင်ကြည့်တယ်။

အေဂျင်စီကတော့ ပြေလည်အောင် ပြန်ညှိနှိုင်းဖို့ ပြောပေမယ့် ကျွန်တော့်ဘက်ကတော့ ပြန်ပေါင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သြဂုတ် ၈ ရက်နေ့မှာ အေဂျင်စီက ကျွန်တော်တို့ နှစ်ယောက်ကိုခေါ်ပြီး ညှိနှိုင်းဖို့ ပြောပါသေးတယ်။ ၉ ရက်နေ့မှာ ကျွန်တော် တစ်ယောက်တည်းနေတဲ့ အိမ်ကို ခိုးဝင်တယ်။ အခန်းသော့ ပျောက်သွားလို့ လုံခြုံရေးဆီက သော့အပိုယူခဲ့ပြီး ကျွန်တော့် အခန်းကို ခိုးဝင်ခဲ့တယ်။ အဲ့နေ့က တော်တော်လေးလန့်သွားတယ်။ ဖုန်းကိုသူယူကြည့်ပြီး CEO နဲ့ kakaotalk မှာပြောထားတာတွေကို ဝင်ဖတ်တယ်။

ကျွန်တော့် ဘက်က အိမ်ကိုလဲ မလိုချင်ဘူး အဲ့လိုပြောဖို့လဲ အခွင့်မရှိဘူးလို့ CEO ကိုပြောထားတာ သူမြင်တယ်။ အဲ့ညကစပြီး ကျွန်တော်တွေးနေမိတာက ကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာပဲ။ ၂၈ ရက်နေ့မှာ ရုံးချိန်းရှိတာမို့ ရှေ့နေကလဲ ငှားရသေးတယ်။

ကျွန်တော်တို့နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် ထိခိုက်နစ်နာသွားရတဲ့ အေဂျင်စီ ၊ My Little Old Boy အစီအစဉ်က ပရိုဂျူဆာတွေကိုလဲ တောင်းပန်ပါတယ်။ ပုဂ္ဂိုလ်ရေးကို ကိုယ်တိုင်မဖြေရှင်းနိုင်ဘဲ လူထုပရိတ်သတ်ကို စိတ်ပူသွားစေတဲ့အတွက်လဲ စိတ်ရင်းအမှန်နဲ့ ဒီနေရာကပဲ တောင်းပန်ပါရစေ” ဆိုပြီး ရေးသားထားပါတယ်။

Ref:@aagbanjh

(ပိုပိုလေး)

 

 

 

 

 


22 Aug 2019     1,332 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS