BEC-TERO TV

မက်စီကို ကျေးဇူးအထူးတင်ကြောင်း ပြောဆိုခဲ့တဲ့ စီရော်နယ်ဒို

22 Aug 2019     1,378 Views


ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာလီဂါမှာတုန်းက ပြိုင်ဘက်ကောင်းဖြစ်ခဲ့တဲ့ လီယွန်နယ် မက်စီကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဘောလုံးမှာထူးချွန်သူတွေဖြစ်ကြပြီး ဘောလုံးလောကရဲ့ အကောင်းဆုံးဂုဏ်ပုဒ်ကို ဆယ်စုနှစ်ကြာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို (၅) ကြိမ်စီရရှိထားကြပါတယ်။

ရော်နယ်ဒိုက သူရဲ့ လာလီဂါကစားသမားဘဝမှာ ပြိုင်ဘက်ကောင်းဖြစ်ခဲ့တဲ့ မက်စီကိုချီးကျူးရင်း သူ့ကိုအများကြီး ပိုကောင်းစေခဲ့လို ကျေးဇူတင်စကားဆိုခဲ့ပါတယ်။

ရော်နယ်ဒိုက “မက်စီရဲ့ ကစားသမားဘဝဖြတ်သန်းမှုကိုလည်း လေးစားပြီး ကျွန်တော် လာလီဂါကနေ ထွက်ခွာခဲ့ရတာဟာ အခက်အခဲအနည်းငယ်ရှိပါတယ်။ ကျွန်တော်က ပြိုင်ဘက်တွေကို လေးစားတတ်သူပါ။ လို့ ” ပေါ်တူဂီ ချန်နယ် မှာပြောကြားခဲ့ပါတယ်။

ထိုနောက်  ရော်နယ်ဒိုက “ ဒါဟာ ဘောလုံးလောကရဲ့ ပြိုင်ဘက်ကောင်းတွေဖြစ်ကြပြီး  ဒီထက်တော့ မပိုပါဘူး ။ မိုက်ကယ် ဂျော်ဒန်ဟာ ဘက်စကက်ဘော လောကမှာလည်းပြိုင်ဘက်ကောင်းတွေ အများကြီးရှိခဲ့ပြီး Ayrton Senna နဲ့ Alain Prost တို့ဟာလည်း ဖောမြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ပြိုင်ဘက်ကောင်းတွေပါပဲ ။ ပြိုင်ဘက်တွေကြောင့် အားကစားလောကမှာ ပိုပြီးသန်မာလာကြတာပါ။ ဒါ့ကြောင့် မက်စီကို ကျေးဇူးအထူးတင်ချင်ပါတယ်။

သူ့ကြောင့်သာ ကျွန်တော် ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာတာပါ ။ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ဘဝမှာ ပြိုင်ဘက်အပေါ် လေးစားမှုအပြည့်နဲ့ (၁၅) နှစ်တာ အချိန်ကာလကို ဖြတ်သန်းခဲ့တာပါ ။ မက်စီနဲ့ ဆက်ဆံရေးမှာလည်း ကောင်းမွန်ခဲ့ပါတယ်။ သူနဲ့တော့ တစ်ခါမှ ညစာအတူမစားဖူးပါဘူ ။ ဒါပေမယ့် အတူစားရမယ်ဆိုရင်လည်း ပြသာနာမရှိပါဘူးလို့ ” ပြောဆိုခဲ့ပါတယ်။

မက်စီ နဲ့ ရော်နယ်ဒိုဟာ  ဘောလုံးလောကမှာ ဆယ်စုနှစ်ကြားလွမ်းမိုးထားနိုင်ခဲ့ပြီး သူတို့နှစ်ဦးဟာ အကာင်းဆုံးသောကစားသမားတွေဖြစ်ကြပြီး အသင်းလိုက်ရော ၊ တစ်ဦးချင်းဆုတံဆိပ်တွေကို အသီးသီးရယူထားနိုင်ခဲ့ပါတယ်။ ဘယ်သူကပိုကောင်းဆိုတာကို ဝေခွဲမရသလို ပရိတ်သတ်တွေအကြားမှာလည်း ငြင်းခုန်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ အကောင်းဆုံးတွေပါပဲ….

 


22 Aug 2019     1,378 Views




RELATED

Most Popular of Football

Most Popular of Sport