BEC-TERO TV

လုပ်ကြံပြောဆိုဖို့ကြိုးစားနေတဲ့ အန်ဂျယ်ဟွန်းကို သတိပေးလိုက်တဲ့ ဂူဟဲဆောင်းန်

22 Aug 2019     1,348 Views


ပရိတ်သတ်တွေ ဂင်ဂျန်ဒီလို့သိကြတဲ့ F4 မင်းသမီးလေး ဂူဟဲဆောင်းန်ဟာ Blood ရုပ်သံဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ အန်ဂျယ်ဟွန်းနဲ့ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လ ၁၈ ရက်နေ့မှာ ဂူဟဲဆောင်းန် အင်စတာဂရမ်မှတစ်ဆင့် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုကြောင်း ပရိတ်သတ်တွေ သိခွင့်ရခဲ့ပါတယ်။ ဂူဟဲဆောင်းန်ဘက်က ရှေ့နေငှားပြီး အကြောင်းစုံကို ဖြေရှင်းချက်ထုတ်ပြန်ပြီးနောက် အန်ဂျယ်ဟွန်းဘက်က အင်စတာဂရမ် အကောင့်ကနေ ဖြေရှင်းလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အန်ဂျယ်ဟွန်းနဲ့ ဂူဟဲဆောင်းန်တို့ အင်စတာဂရမ် အကောင့်ကိုယ်စီကနေ ဆိုင်ရာ ဖြေရှင်းချက်တွေရေးသား ထုတ်ပြန်ခဲ့ပါတယ်။

အန်ဂျယ်ဟွန်းက ဂူဟဲဆောင်းန်ကို အမှန်တကယ်ချစ်လို့ လက်ထပ်ခဲ့တာဖြစ်ပြီး ပေါင်းသင်းလာတဲ့ အိမ်ထောင်သက်တမ်း (၃) နှစ်တာမှာ ဘယ်လို မှအဆင်မပြေတော့တာကြောင့် ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

တစ်ဖန် ဂူဟဲဆောင်းန်က အန်ဂျယ်ဟွန်းကိုယ်တိုင် သူမရဲ့ ရင်သားနဲ့ nipples တွေက ဆွဲဆောင်မှုမရှိတာကြောင့် ကွာရှင်းချင်တယ်လို့ ပြောခဲ့ကြောင်း ပြန်လည်ရေးသားထားပါတယ်။

ရင်သား ကိစ္စနဲ့ ပတ်သတ်ပြီး ဂူဟဲဆောင်းန် ကြောင့် လူသိသွားတဲ့နောက် အန်ဂျယ်ဟွန်းက ဂူဟဲဆောင်းန်နဲ့ chat ထားတဲ့ kakaotalk မက်ဆေ့ခ်ျတွေကို လုပ်ကြံချပြဖို့ ကြိုးစားခဲ့ပါတယ်။ အမှန်တော့ ဂူဟဲဆောင်းန်ဟာ Kakaotalk တောင်မသုံးပါဘူး။

“ငါက Kakao Talk မှ မသုံးတာပဲ အသုံးမဝင်တဲ့ လုပ်ဇာတ်တွေ ရပ်တန်းကရပ်သင့်ပြီ သစ္စာမရှိတဲ့အကောင်ရဲ့” ဆိုပြီး ရေးသားထားပါတယ်။  

လက်ရှိမှာတော့ အန်ဂျယ်ဟွန်းရော ဂူဟဲဆောင်းန်မှာ ဖြေရှင်းချက် ထုတ်ပြန်လာတာမျိုးတွေ မရှိသေးပါဘူး။ အခြေအနေတွေ ဆိုးဝါးခဲ့ပြီး အတွင်းရေးတွေ လူသိရှင်ကြားဖြစ်ကုန်လို့ အန်ဂျယ်ဟွန်းဘက်က တောင်းပန်ထားပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 

 

 

 

 


22 Aug 2019     1,348 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS