BEC-TERO TV

Youtube မှာ PSY ကို ကျော်တက်သွားပြီဖြစ်တဲ့ Blackpink

23 Aug 2019     1,339 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော် အဖွဲ့ Blackpink ဟာ တစ်ချိန်က ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ‘Gangnam Style’ သီချင်းပိုင်ရှင် PSY ထက် Youtube Viewers ကျော်တက်သွားပါပြီ။ PSY ဟာလဲ တစ်ချိန်က YG Entertainment ကထွက်ရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ပါပဲ။ PSY ဟာ Gangnam Style သီချင်းနဲ့ billions သန်းချီတဲ့ Youtube Viewers တွေ ရရှိခဲ့တဲ့ ပထမဦးဆုံး Kpop အနုပညာရှင်ပဲ ဖြစ်ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

PSY ဟာ Youtube Channel Officialpsy ကို အောက်တိုဘာ ၃ ရက်နေ့၊ ၂၀၁၀ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ၂၀၁၉ မှာတော့ လာရောက် ကြည့်ရှုသူပေါင်း 7.209 billions ရရှိထားပါတယ်။

Blackpink ဟာ သူတို့ရဲ့ ကိုယ်ပိုင် Youtube Channel BLACKPINK ကို ၂၀၁၆ ဇွန် ၂၈ မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိ ၂၀၁၉ မှာ ဖွင့်လှစ်ထားတဲ့ သက်တမ်း သုံးနှစ်သာရှိသေးပေမယ့် viewers ပေါင်း 7.213 billions ရရှိထားပြီးဖြစ်ပါတယ်။

Blackpink Youtube Channel မှာ တင်ရှိထားတဲ့ လူကြည့်အများဆုံး သီချင်းတွေကတော့ Kill This Love နဲ့ Duu Du Duu Du တို့ပဲဖြစ်ပါတယ်။ ပွဲဦးထွက်သီချင်းတွေဖြစ်တဲ့ Boombayah, Whistle တို့ကတည်းက လူကြိုက်များခဲ့ပြီး Playing With Fire, As if it’s your last သီချင်းတွေနဲ့လဲ ကြည့်ရှုသူ အများအပြားရရှိထားပါတယ်။

Blackpink ဟာ ပွဲဦးထွက် သီချင်းမထွက်ရှိခင် Rihanna ရဲ့ Bictch better have my money သီချင်းနဲ့ အကလေ့ကျင့်တဲ့ ဗွီဒီယိုနဲ့တင် viewers အများအပြားရရှိထားပါတယ်။ ပွဲဦးမထွက်ခင်ကတည်းက YG Entertainment ရဲ့ သင်တန်းသားတွေအဖြစ် ပရိတ်သတ်တွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရတာပဲဖြစ်ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 

 


23 Aug 2019     1,339 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS