BEC-TERO TV

အောင်မြင်ဖို့အတွက် အချက် (၅) ချက်

28 Aug 2019     1,674 Views


ကျွန်တော်တို့ဟာ လူဘဝကြီးကိုရောက်လာတဲ့အခါမှာတော့ အောင်မြင်တဲ့သူတစ်ယောက်တော့ ဖြစ်ချင်ကြမှာပါ။ ဘယ်ကနေစလုပ်ရမယ်ဆိုတာကိုတော့ တွေဝေနေတတ်ကြပါတယ်။ ပထမအသက်အရွယ်ဖြစ်တဲ့ အသက်၂၂ ၊ ၂၃ နှစ်ကာလအထိ ဘွဲ ့တစ်ခုရဖို့အတွက် ပညာတွေကို သင်ကြားရပါတယ်။ ကျောင်းပြီးတဲ့အခါမှာတော့ လုပ်ငန်းခွင်ဝင် အလုပ်လုပ်ကြပါတယ်။
 
ပညာတတ် ၊ ဘွဲ ့ရ တစ်ယောက် ဖြစ်လာပြီဖြစ်သော်လည်း အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာဖို့ အာမခံချက်မရှိပါဘူး။ နောက်ထပ်ကြိုးစားမှုတွေနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို အလွယ်တကူ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
 
ဒါကြောင့် မိမိဘဝ အောင်မြင်ရေးအတွက် အရေးပါတဲ့အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့် ၁ ။ အလုပ်တစ်ခုရှာပါ
 
ဘွဲ ့ရပြီဆိုတာနဲ့ ကျွန်တော်တို့အသက်ရွယ်ဟာ ၂၀ ကျော်ကာလကို ဖြတ်သန်းနေရပြီဖြစ်ပါတယ်။ ဒုတိယအရွယ်ဖြစ်တဲ့ စီပွားရှာဆိုတဲ့အသက်အရွယ်မှာ ကိုယ့်ကိုယ်ကို အောင်မြင်တိုးတက်ဖို့အတွက် အလုပ်တွေ စတင်လုပ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေရရှိဖို့အတွက် အရင်ဆုံး အလုပ်တစ်ခု ရှာဖွေရပါ့မယ်။
 
အဆင့် ၂။ အကြွေးကင်းစင်ပါစေ
 
အလုပ်လုပ်ပြီဆိုတာနဲ့ ငါတော့ လစာရမှာပဲဆိုတဲ့ အတွေးနဲ့ လျှောက်သွား ၊ လျှောက်စားလုပ်နေပြီး အကြွေးတွေတင်နေအောင် မနေသင့်ပါ။ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ အကြွေးကင်းနေရပါမယ်။ အကြွေးတင်နေတာတွေရှိနေရင် အကြွေးုကျေအောင် ဆပ်နိုင်အောင် အရင်လုပ်ပါ။
 
အဆင့် ၃။ ဝင်ငွေရဲ့ ၁၀% ကို စုဆောင်းပါ
 
ကျွန်တော်တို့ရဲ ့နေစဉ်လုပ်အားတွေဟာ အနာဂါတ်အတွက် တစ်ခုခုတော့ကျန်နေသင့်ပါတယ်။ မိမိမှာ အကြွေးမရှိတော့ဘူးဆိုတာနဲ့ နောက်တစ်ဆင့်က ငွေစုဖြစ်ဖို့ပါ။ တစ်လတာဝင်တဲ့ ဝင်ငွေကို အကုန်ပြောင်အောင် သုံးနေလို့ကတော့ အောင်မြင်ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဝင်ငွေရဲ ့၁၀ % ကို စုဆောင်းတတ်အောင် အကျင့်လုပ်ထားပါ။
 
အဆင့် ၄။ အသုံးအဖြုန်းကို နားလည်ပါ
 
ငွေစုထားတာလေးတွေ များလာတဲ့ အချိန်မှာ ဟိုဟာဝယ်ချင် ၊ ဒီဟာ ဝယ်ချင် စိတ်ကလေးတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ့်က အနာဂါတ်အတွက် ပိုက်ဆံတွေစုနေပြီး တစ်လုံးနဲ့တစ်ခဲထဲ သုံးပစ်လိုက်မယ်ဆိုရင် အိပ်ပေါက်နဲ့ဖားကောက်နေသလိုပဲ ဖြစ်မှာပါ။ ဒါကြောင့် အသုံးနဲ့ အဖြုန်းကို နားလည်ဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ ရှိနေသားပြီးသားအရာတွေကို ထပ်ခါထပ်ခါအဝယ်ပါနဲ့။ သူများ စျေးကြီး သုံးတိုင်းလည်း လိုက်သုံးနိုင်ဖို့ မလိုပါ။ ကိုယ့်မှာ ရှိနေတဲ့အရာတွေနဲ ့တင်းတိမ်ရောင့်ရဲနိုင်ရင် ကျေနပ်စရာကြီးပါ။
 
အဆင့် ၅။ ရင်းနှီးမြုပ်နှံပါ
 
ကိုယ့်မှာ ပိုက်ဆံလေးစုမိဆောင်းမိဖြစ်လာပြီဆိုရင် ထပ်ပွားနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံပါ။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ လောင်းကစားကိစ္စတွေကို ရှောင်ကျဉ်ရပါမယ်။ သင့်ငွေကို မဆုံးရှုံးသွားမယ့်နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ချက်မှန်ကန်ရပါမယ်။ ယုံကြည်ရသူတွေရဲ ့လုပ်ငန်းမှာ ရှယ်ယာအဖြစ် ပါဝင်တာမျိုး ၊ စပ်တူလုပ်ကိုင်တာမျိုး လုပ်သင့်ပါတယ်။
 
ညဏ်နဲ့ယှဉ်ပြီး အောင်မြင်ချမ်းသာနိုင်ကြပါစေ။

28 Aug 2019     1,674 Views




RELATED

Most Popular of Special or Others

Most Popular of Life Style