BEC-TERO TV

ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတဲ့ ဝေဠုကျော်

10 Sep 2019     1,683 Views


အများအကျိုးကို ကူညီသယ်ပိုးနေတဲ့ စိတ်ထားဖြူစင်သူကြီး၊ ပရဟိတမင်းသားကြီးလို့ အများကအသိအမှတ်ပြုလက်ခံထားတဲ့ ဝေဠုကျော်ကတော့ တစ်ချိန်ကပရိသတ်တွေကြိုက်နှစ်သက်ခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလဲ မမှားပါဘူး။ ဝေဠုကျော်ဟာဆိုရင် ဖြူစင်မွန်မြတ်တဲ့စိတ်ထား၊ သနားကြင်နာတတ်တဲ့စိတ်ထားတို့ရှိသူဖြစ်ပြီး ကိုယ်ပိုင်ပရဟိတအသင်းတစ်ခုကို တည်ထောင်ကာ လူမှု့အကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ဆောင်လျက်ရှိပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အကူအညီလိုအပ်နေသူတွေနဲ့ ဒုက္ခရောက်နေသူတွေကို လိုက်လံကူညီဖေးမပေးနေတဲ့ ဝေဠုကျော်ကတော့ လူအများရဲ့အားကိုးအားထားရာ သူရဲကောင်းကြီးတစ်ယောက် ဖြစ်လို့နေပါတယ်။ သိပ်မကြာခင်က မွန်ပြည်နယ်ရေဘေးအတွက်လဲ အလှူအတန်းများနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကို အားတက်သရော ကိုယ်ရောစိတ်ပါနှစ်ပြီး လိုက်လံကူညီဆောင်ရွက်ပေးခဲ့ပါသေးတယ်။ ဒါ့ကြောင့် ပရိသတ်တွေက ဝေဠုကျော်ကို ပိုမိုလေးစားချစ်ခင်လာကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရဟိတမင်းသားကြီး ဝေဠုကျော်တစ်ယောက် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝေဠုကျော်ဟာ အရင်ကအစာအိမ်သွေးကြောပေါက်ခဲ့ဖူးပြီး အစားအသောက်မမှန်တာကြောင့် အစာအိမ်နာပြန်ဖြစ်ကာ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။  အစား အများအကျိုးကို အားတက်သရော လိုက်လံကူညီဆောင်ရွက်နေတာကြောင့် အစားအသောက်မမှန်ဖြစ်လာတဲ့ ဝေဠုကျော်တစ်ယောက် လက်ရှိမှာ အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ဝေဠုကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေကတော့ သူ့အတွက်ဝိုင်းဝန်းစိုးရိမ်နေကြသလို ကျန်းမာရေးအမြန်ပြန်ကောင်းလာဖို့လည်း ဆုတောင်းစကားတွေ ဆိုထားပါတယ်။ ပရဟိတမင်းသားကြီး ဝေဠုကျော်တစ်ယောက် ကျန်းမာရေးအမြန်ပြန်ကောင်းလာပြီး အများအကျိုးကိုဒီ့ထက်မက သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းစကားဆိုလိုက်ပါတယ်။

 

(ပိုပိုလေး)


10 Sep 2019     1,683 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment