BEC-TERO TV

ပေါင်းအိုးထိပ်ဖူး လွင့်စင်ထိမှန်ကာ အမျိုးသမီးတစ်ဦး မျက်စိကွယ်

10 Sep 2019     1,643 Views


ငါးသလောက်နဲ့ ဝက်ခြေထောက်တို့လို အသားတွေကို နူးအိနေအောင် အသားပေါင်းအိုးနဲ့ မကြာခဏပေါင်းတတ်တဲ့ အိမ်ရှင်မတွေ အထူးသတိပြုသင့်ပါတယ်။
 
အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မိသားစုတွေအတွက် ပရက်ရှာကွတ်ကာ(အသားပေါင်းအိုး) သုံးပြီး ချက်ပြုတ်နေစဉ် ပေါင်းအိုး၏ ထိပ်ဝမှ ရေဆူလာလျှင် အငွေ့ထွက်ကာ ဝီစီသံပြုတတ်တဲ့ သံထိပ်ဖုံး(ဒုံကျည်)အစို့လေး လွင့်ထွက်ခဲ့တာကြောင့် သူမရဲ့ ဘယ်ဘက်မျက်လုံးကို ထိုးဖောက်ကာ ဦးခေါင်ခွံထဲထိ စိုက်ဝင်သွားခဲ့ပါတယ်။
 
 
အမျိုးသမီးဟာ ပေါင်းအိုးကို ဂက်စ်မီးဖိုနဲ့ တည်ထားခဲ့ရင်း နောက်ဖေးခြံထဲမှာ မြက်ရှင်းဖို့ ထွက်သွားခဲ့ပါတယ်။ နောက်ထပ် တစ်နာရီလောက်ကြာတော့မှ ခြံထဲမှာ အလုပ်တွေလုပ်နေရင်း ဟင်းအိုးတည်ထားခဲ့တာကို သတိရသွားခဲ့ပါတယ်။
 
အဲဒီနောက် မီးဖိုထဲအမြန်ပြေးဝင်ပြီး ပေါင်းအိုးကို မီးဖိုပေါ်ကနေ ချလိုက်တဲ့အချိန်မှာ အရမ်းဆူပွက်ပြီး အငွေ့တွေထွက်နေတဲ့ ထိပ်ဝက သံအစို့ဟာ ကန်ထွက်ပြီး သူမရဲ့ မျက်လုံးကို ဖောက်ဝင်သွားခဲ့ပါတယ်။
 
ဆေးရုံကို အမြန်တင်ပို့ခဲ့ရပြီး  ဆရာဝန်တွေက သူမရဲ့မျက်လုံးထဲက ကျည်ဆံအရွယ်အစေားလောက်ရှိတဲ့ ပေါင်းအိုးထိပ်ဖူးကို ခွဲစိတ်ပြီး ထုတ်ပေးခဲ့ရပါတယ်။ အမျိုးသမီးက အသက်ရှင်ခဲ့ပေမယ့် သူမရဲ့ ဘယ်ဘက်မျက်လုံးကတော့ ပျက်ဆီးဆုံးရှုံးသွားခဲ့ပါတယ်။
 
 
အဆိုပါမတော်တဆမှုဟာ အိန္ဒိယနိုင်ငံ ခွန်တီစီရင်စုမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်ရှင်မတွေအနေနဲ့ ပရက်ရှာကွတ်ကာတွေကို သတိထားပြီး ဘေးအန္တရာယ်မဖြစ်အောင် ဆင်ခြင်သုံးစွဲကြဖို့ ဝေမျှလိုက်ရပါတယ်။
 

10 Sep 2019     1,643 Views




RELATED

Most Popular of Special or Others

Most Popular of NEWS