BEC-TERO TV

စီးရီးအေပြိုင်ပွဲမှာ ဒုတိယနေရာမှ ကစားသမားထက် လစာ ၃ ဆနီးပါးရရှိနေတဲ့ ရော်နယ်ဒို

11 Sep 2019     1,459 Views


ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒို အီတလီ စီးရီးအေပြိုင်ပွဲမှာ လစာအများဆုံးရရှိနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ကစားသမားထက် သုံးဆနီးပါး များပြားနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ လစာငွေဟာတစ်နှစ်လျှင် ယူရို(၃၁) သန်းအထိရရှိနေတယ်လို့ သိရပြီး ဒုတိယနေရာမှာ နယ်သာလန်နောက်ခံလူ ဒီလစ်က တစ်နှစ်လစာ ယူရို (၈)သန်း+အပိုဆုကြေး (၄)သန်းသာရရှိနေပါတယ်။ ဒီလစ် လစာငွေဟာ စုစုပေါင်းမှ (၁၂) သန်းခန့်သာရရှိနိုင်တာကြောင့် ရော်နယ်ဒိုက သုံးဆခန့် ပိုများနေတယ်လို့ Goal.com က ဖော်ပြထားပါတယ်။

ထို့နောက်မှတော့ အင်တာမီလန်တိုက်စစ်မှူးသစ် လူကာကူမှာ တစ်နှစ်လစာ ယူရို (၇.၅)သန်းရရှိနေပြီး အပိုဆုကြေး ယူရို (၁.၅)သန်းရှိရရှိတယ်လို့သိရပါတယ်။ စီးရီးအေလစာအများဆုံးကစားသမား (၁၃)ဦးစာရင်းတွင်  ဂျူဗင်တပ်စ်အသင်းကစားသမား (၁၀)ဦးအထိ အများဆုံးပါဝင်နေပြီး အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီအသင်းများမှ (၁) ဦးစီသာ စာရင်းဝင်ပါတယ်။

စီးရီးအေပြိုင်ပွဲမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမား (၁၃) ယောက်စာရင်း

 Player

Club

Salary per annum

Cristiano Ronaldo

Juventus

€31m

Matthijs de Ligt

Juventus

€8m (+€4m in bonuses)

Romelu Lukaku

Inter

€7.5m (+€1.5m in bonuses)

Gonzalo Higuain

Juventus

€7.5m

Paulo Dybala

Juventus

€7.3m

Adrien Rabiot

Juventus

€7m (+€2m in bonuses)

Aaron Ramsey

Juventus

€7m

Miralem Pjanic

Juventus

€6.5m

Douglas Costa

Juventus

€6m

Mario Mandzukic

Juventus

€6m

Sami Khedira

Juventus

€6m

Gianluigi Donnarumma

AC Milan

€6m

Kalidou Koulibaly

Napoli

€6m

 


11 Sep 2019     1,459 Views




RELATED

Most Popular of Football

Most Popular of Sport