BEC-TERO TV

မုဒိန်းကောင်ရဲ့ ငယ်ပါကို အရှင်လတ်လတ် ခွေးကျွေးပြီး တရားစီရင်

11 Sep 2019     1,925 Views


ရာဇဝတ်မှုကျူးလွန်တာခြင်းတူရင်တောင် မုဒိန်းမှုဟာ အယုတ်ညံ့ဆုံး ပြစ်မှုတစ်ခုလို့ လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းက သတ်မှတ်ထားကြပါတယ်။ မုဒိန်းမှုကျူးလွန်သူတွေအတွက် ပြစ်ဒဏ်ကိုလည်း သေဒဏ်အထိ ကျခံသင်တယ်လို့ ဥပဒေပိုင်းကို ပြင်ဆင်ဖို့ ထောက်ခံကြသူတွေလည်း များပါတယ်။
 
ဒါပေမယ့်လည်း မုဒိန်းမှုတွေကတော့ ကမ္ဘာအနှံ့အပြားမှာ ဆက်တိုက် ဖြစ်နေပါသေးတယ်။ သွေးပျက်စရာကောင်းတဲ့ ရုပ်သံမှာတော့ အဝတ်အစားကိုယ်တုံးလုံး ချွတ်ခံထားရတဲ့ အမျိုးသား ကို လူအုပ်စု(ဂိုဏ်းတစ်ခု)က ရိုက်နှက် အပြစ်ပေးပြီးနောက် သူ့ရဲ့ ငယ်ပါ(ယောကျ်ားအင်္ဂါ)ကို အရှင်လတ်လတ် ခွေးကို ကိုက်ဖြတ် စားသောက်စေခဲ့ပါတယ်။
 
 
ရုပ်သံအရ အပြစ်ပေးခံနေရတဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မုဒိန်းမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် အခုလို အပြစ်ပေးခံနေရတာဖြစ်ပါတယ်။ Daily Mail မှာတော့ အဆိုပါအဖြစ်အပျက်ဟာ မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
ကိုယ်လုံးတီးချွတ်နဲ့ သွေသံရွှဲရွှဲဖြစ်နေတဲ့ အမျိုးသားဟာ လက်ကို နောက်ပြန် လက်ထိပ်ခတ်ခံထားရပြီး သူ့ရဲ့ ခြေထောက်တစ်ဖက်စီကို လူနှစ်ယောက်က ဆွဲဖြဲထားကြပါတယ်။ အဲဒီအချိန်မှာ ခွေးတစ်ကောင်က သူ့ရဲ့ ငယ်ပါကို ကိုက်ဖဲ့ဆွဲဖြဲပြီး စားသောက်နေတဲ့ ရက်ရက်စက်စက် မြင်ကွင်းက ကြည့်ရှုဖို့ရန် လုံးဝ မသင့်တော်ပါဘူး။
 
 
နာကျင်လွန်းလို့ ငယ်သံပါအောင်အော်ပြီး လွှတ်ပေးပါလို့ တောင်းပန်နေပေမယ့် လူအုပ်စုကြီးကတော့ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ မကြာပါဘူး လူတစ်ယောက်က အော်ဟစ်နေတဲ့ သူ့ပါးစပ်ထဲကို အဝတ်စထိုးထည့်ခဲ့ပါတယ်။
 
 
ရုပ်သံကို အဲဒီအဖွဲ့ကပဲ လွှင့်တင်ခဲ့ပြီး နောက်ထပ်မုဒိန်းကောင်တွေရှိရင် နမူကြည့်ထားလို့ သတိပေးလိုက်ပါတယ်။ သူတို့ဟာ ရဲတွေရဲ့ အရေးယူမှုကို မယုံကြည်တဲ့အတွက် သူတို့ကိုယ်တိုင် တရားစီရင်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မက္ကဆီကို သတင်းမီဒီယာတွေကတော့ ဒေသခံဂိုဏ်းအဖွဲ့တွေရဲ့ ရက်စက်မှုတွေဟာ အစွန်းစွန်ဆုံးကို ရောက်နေပြီလို့ ရေးသားဖော်ပြနေကြပါတယ်။
 
ရုပ်သံမှာ အကြမ်းဖက် နှိပ်စက်ခံနေရတဲ့ အမျိုးသားဟာ နောက်ဆုံးမှာ အသက်ရှင်နိုင်ခဲ့ရဲ့လားဆိုတာကတော့ ရှင်းလင်းစွာ မသိရပါဘူး။ The Sun သတင်းစာရဲ့ ဖော်ပြချက်မှာတော့ မက္ကဆီကိုနိုင်ငံမှာ ပျမ်းမျှ အမျိုးသမီး ၁၀ ဦးလောက် နေ့စဉ် သတ်ဖြတ်ခံနေရပြီး အဓ္ဓမပြုကျင့်ခံရမှုတွေကလည်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

 


11 Sep 2019     1,925 Views




RELATED

Most Popular of International News

Most Popular of NEWS