BEC-TERO TV

ဗန်​ဒိုက်​သာ ပရီးမီးယားလိဂ်​ရဲ့အကောင်းဆုံး ဗဟိုခံစစ်မှူးပါ #ကွန်ပနီ

12 Sep 2019     1,390 Views


မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူထဲ့က တစ်ဦးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ဘယ်သူက အကောင်းဆုံးနောက်ခံလူလဲဆိုတာကို  Sky Sports နဲ့ တွေ့ ဆုံစဉ်မှာ ထုတ်ဖော်ပြာကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်​ ဗဟို ​နောက်​ခံလူ​တွေထဲမှာ ဘယ်​သူက အ​ကောင်းဆုံးလဲလို့ ကွန်​ပနီကို ​မေးမြန်းခဲ့ချိန်​မှာ​တော့ ပရီးမီးယားလိဂ်​ရဲ့ ဂန္တဝင်​ ​နောက်​ခံလူ​တွေဖြစ်​တဲ့ ဖာဒီနန်​ ၊ တယ်​ရီ ၊ ဗီဒစ်​တို့ကို​ကျော်​ပြီး လီဗာပူးလ်နောက်ခံ ဗန်ဒိုက်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

ကွန်ပနီက “ကျွန်တော့ကတော့ ဗန်ဒိုက်ကိုပဲရွေးချယ်သွားမှာပါ။ သူဟာ တစ်ကယ်ထူးချွန်တဲ့ ဗဟိုခံစစ်မှူး တစ်ယောက်ဖြစ်ပါတယ်။ နှစ်အကြာကြီး စိုးမိုးထားတဲ့ ဖာဒီနန် ၊ တယ်ရီတို့ကို ကျော်ပြီး သူကိုဘာကြောင့်ရွေးချယ်ရသလဲဆိုရင် သူဟာ ပရီးမီးယားလိဂ်မှာ သက်တမ်းအကြားကြီးမကစားရသေးပါဘူး။ ဒါပေမယ့် ထိပ်တန်း ခြေစွမ်းဆိုတာကို ပြသထားနိုင်နေပြီလေ…။ သူကြောင့် လီဗာပူးလ်လည်း အစစအရာရာပြောင်းလဲနေတာ ။”  ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်ဟာ လက်ရှိချိန်မှာလည်း အသင်းလိုက်ဆုဖလားတွေ ၊ တစ်ဦးချင်းဆုတံဆိပ်တွေကိုလည်းရရှိထားပြီး လီဗာပူးလ်အသင်းကိုလည်း ဥရောပအမြင့်ဆုံးဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖီဖာအကောင်းဆုံးကစားသမားဆုကို လောလောလတ်လတ်ရရှိထားပြီး ဘလွန်းဒီအော ဆုကိုရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။


12 Sep 2019     1,390 Views




RELATED

Most Popular of Football

Most Popular of Sport