BEC-TERO TV

ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖလားယူပေးရန် နေမာထံတောင်းဆိုလိုက်တဲ့ ပါရီမြို့ တော်ဝန်

13 Sep 2019     1,328 Views


ပြင်သစ်နိုင်ငံ ပါရီမြို့ တော်ဝန် အန်နီဟီဒယ်ဂိုက ဘရာဇီးလ်သား ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖလားယူပေးရန် တောင်းဆို တိုက်တွန်းပြောကြားခဲ့ပါတယ်။ အန်နီဟီဒယ်ဂိုဟာ ပီအက်စ်ဂျီအသင်း၏ အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး အိမ်ကွင်းပွဲစဉ်များကို အမြဲလာရောက် အားပေးလေ့ရှိပါတယ်။

နေမာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့ လာတုန်းက ပါရီမြို့ တော်ဝန် အန်နီဟီဒယ်ဂိုက နေမာ အမည်စာသား ပဲရစ်အီဖယ်မျော်စင်ပေါ်မှာ အနီရောင် ၊ အပြာရောင် မီးကာလာတွေနဲ့ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။

ပါရီမြို့ တော်ဝန် အန်နီဟီဒယ်ဂိုက “ နေမာရေ..။ မင်း ငါတို့အသင်းအောင်ပွဲရဖို့အတွက် အကူအညီပေးရမယ်။ ဒိအသင်းကို ရောက်ရှိလာတုန်းက နွေထွေးလှိုက်လှဲစွာကြိုဆိုပါတယ်။ ငါတို့ကိုလည်း ချန်ပီယံလိဂ် ရယူပေးဖို့ လိုအပ်တယ် ” လို့ပြောကြားခဲ့ပါတယ်။

နေမာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့ လာစဉ်ကလည်း အီဖယ်လ်မျှော်စင်တွင် နေမာအမည်ရေးသားပြီး မီးရောင်စုံတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြဖြစ်ခဲ့ပြီး အသင်းပြောင်းရွေ့ မယ်သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွေ့ ပိတ်သိမ်းချိန်အထိ အပြောင်းအရွေ့ အဆင်မပြခဲ့ဘဲ ပီအက်စ်ဂျီအသင်းတွင်သာ ဆက်ရှိနေခဲ့ပါတယ်။

နေမာဟာ ယခုတစ်ပါတ်တွင်ကစားမည် စထရာဘိုးအသင်းနှင့်ကစားမည့်ပွဲတွင် ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

 

 


13 Sep 2019     1,328 Views




RELATED

Most Popular of Football

Most Popular of Sport