BEC-TERO TV

၁၈ နှစ်ပြည့်ရင် လက်ထပ်မယ်လို့ ကတိပေးပြီး ကာမ ၂၈၅ ကြိမ် လိမ်လည်ရယူ

16 Sep 2019     1,640 Views


ထိုင်ဝမ်နိုင်ငံမှ ကျူရှင်ဆရာတစ်ဦးက ၁၄ နှစ်အရွယ် သူ့ရဲ့တပည့်မလေးကို အသက် ၁၈ နှစ်ပြည့်ရင် လက်ထပ်ပါမည်ဟု ကတိပေးပြီး နှစ်နှစ်အတွင်း ကာမလိမ်လည်ရမှုပေါင်း ၂၈၅ ကြိမ် ကျူးလွန်ခဲ့သည်။
 
“လန်” ဟူသော မိန်းကလေးမှာ အသက် ၁၁ နှစ်အရွယ်ထဲက “ဖန်း” ဆိုသည့် ဆရာထံတွင် ကျူရှင်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း သူမအသက် ၁၄ နှစ်ဝင်ကာစမှာ ကျူရှင်ဆရာ “ဖန်း” က သူမအား ချစ်ခင်နှစ်သက်ကြောင်း ဖွင့်ပြောခဲ့ပြီးနောက် သူမ အသက် ၁၈ ပြည့်ရင် လက်ထပ်မယ်လို့ ကတိပေးခဲ့တဲ့အတွက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
 
မိန်းကလေးရဲ့ ယုံကြည်မှုကို ဘယ်လိုရယူခဲ့တယ်ဆိုတာ အတိအကျမသိရပေမယ့် ကျူရှင်ဆရာရဲ့ အပြောချိုချိုလေးတွေကြောင့် သူတို့နှစ်ဦး ချိန်းတွေ့တဲ့အဆင့်ထိရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမ ၁၆ နှစ်ပြည့်ခါနီးမှာ ကျုရှင်ဆရာ “ဖန်း” က အခြားအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့ ခြေလှမ်းစတဲ့အတွက် မိန်းကလေးက အဆက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
 
ဒါပေမယ့် ကျူရှင်ဆရာက မပြတ်ချင်သေးတာကြောင့် “လန်” ရဲ့အမေကို မဟုတ်ကဟုတ်ကတွေ ပြောပြီးတိုင်ကြားခဲ့ပါတယ်။ “လန်” ဟာ အွန်လိုင်းကနေတဆင့် မကောင်းတဲ့ ကောင်လေးတွေနဲ့ တွေ့နေကြောင်း အဲဒီအတွက် သူမရဲ့ပညာရေးမှာ အနှောက်အယှက်ဖြစ်နိုင်လို့ အွန်လိုင်းပေးမသုံးသင့်ကြောင်း၊ လက်ကိုင်ဖုန်းကိုလည်း ပြန်သိမ်းသင့်ကြောင်း ချောက်တွန်းခဲ့ပါတယ်။
 
ဒါတင်မကသေးပဲ “လန်” ကို ထိခိုက်စေမယ့် မဟုတ်မမှန်သတင်းတွေ ပတ်ဝန်းကျင်မှာ လျှောက်ပြောခဲ့တဲ့အတွက် မိန်းကလေးဟာ နောက်ဆုံးမှာ ကူရာကယ်ရာမဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မခံစားနိုင်တဲ့အဆုံးမှာတော့ “လန်” က မိခင်ဖြစ်သူကို ကျူရှင်ဆရာနဲ့ သူနဲ့ပက်သက်ခဲ့တဲ့ ကိစ္စအဝ,ဝ ကို ဖွင့်ပြောလိုက်ပါတော့တယ်။
မိခင်ဖြစ်သူက အဖြစ်မှန်ကို ထိတ်လန့်ခြင်းကြီးစွာနဲ့ သ်လိုက်ရပြီးနောက် ကျူရှင်ဆရာကို ချက်ခြင်း ရဲတိုင်ကြားခဲ့ပါတယ်။
 
ရဲတွေက ဖမ်းဆီးစစ်ဆေးခဲ့ရာ သူက မိန်းကလေးကို လက်ကိုင်တာ နမ်းတာလောက်ပဲ လုပ်ခဲ့တယ်လို့ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိန်းကလေးဘက်က အထောက်အထားခိုင်ခိုင်လုံလုံ ပြနိုင်ခဲ့တဲ့အတွက် အပြစ်ကို ဝန်ခံခဲ့ရပါတယ်။
 
မိန်းကလေးကို ဆေးရုံမှာ ဆေးစစ်ကြည့်ရာမှာလည်း လိင်ဆက်ဆံထားဖူးကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ “လန်” က သူတို့နှစ်ယောက် ချစ်သူဖြစ်ကြတဲ့အချိန်ကစပြီး လိင်ကိစ္စကို နေ့စဉ် ဒိုင်ယာရီရေးမှတ်ထားခဲ့ပါတယ်။ ဒိုင်ယာရီအရ ကျူရှင်ဆရာရဲ့ လိင်အင်္ဂါအတိုင်းအထွာနဲ့ မှဲ့ဘယ်နှစ်လုံးရှိတယ်ကအစ အတိအကျရေးမှတ်ထားခဲ့တာကြောင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဟုတ်မှန်နေကြောင်း ပေါ်ပေါက်ခဲ့သည်။
 
မိန်းကလေးရဲ့ ထွက်ဆိုချက်အရ သူတို့နှစ်ယောက် ချိန်းတွေ့ကြတဲ့ သီတင်းပတ်မှာတင် နေ့စဉ်လိင်ဆက်ဆံကြကြောင်း၊ သူမအသက် ၁၄ နှစ်မပြည့်မီထိ ၈ လအတွင်း လိင်ဆက်ဆံမှုပေါင်း ၁၂၉ ကြိမ် ရှိခဲ့ကြောင်း၊ နောက်ထပ် ၇ လအတွင်းမှာ ၁၅၆ ကြိမ် ထမ်မံရှိခဲ့ကြောင်း အထောက်အထားများနဲ့ ပြောဆိုခဲ့ပါတယ်။
 
ကျူရှင်ဆရာ “ဖန်း” ကို အသက်မပြည့်သေးသည့် မိန်းကလေးအား အယုံသွင်းကာ ကာမလိမ်လည်ရယူမှုနဲ့ ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

16 Sep 2019     1,640 Views




RELATED

Most Popular of Special or Others

Most Popular of NEWS