BEC-TERO TV

ခင်ပွန်းနဲ့ဖောက်ပြန်နေသူက မိခင်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ

16 Sep 2019     1,469 Views


ထိုင်းဝမ်ရုပ်ရှင်မင်းသမီး ‘ကျင်းပိုင်’ က သူမရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံကို မြန်မာနိုင်ငံက “Let’s Talk” လို ထိုင်ဝမ် တီဗီအစီစဉ်တစ်ခုကနေ ပွင့်ပွင့်လင်းလင်း ပြောချလိုက်ပါတယ်။
 
‘ကျင်းပိုင်’ ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ စတင် ဆုံဆည်းပြီး မကြာခင်မှာပဲ တစ်ယောက်အကြောင်း တစ်ယောက်သေချာ မသိကြသေးခင် မြန်မြန်ဆန်ဆန် လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။ တစ်နှစ်လောက်အကြာမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက လျော့တိလျော့ရဲ ဖြစ်လာတာကြောင့် အမျိုးသမီးတို့သဘာဝ ဗေဒင်ဆရာဆီမှာ အိမ်ထောင်ရေးအတွက် ဗေဒင်သွားမေးခဲ့ပါတယ်။
 
ဗေဒင်ဆရာက သူမရဲ့ခင်ပွန်းဟာ သူမကို လိမ်ပြီးဖုံးကွဘ်ထားတာရှိကြောင်း ဟောလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူကို မျိုးစုံချော့မော့ပြီး လိမ်ထားတဲ့ကိစ္စကို မေးတဲ့အခါ နောက်ဆုံးမှာတော့ ခင်ပွန်းဟာ သူမရဲ့ မိခင်ဖြစ်သူနဲ့ ဖောက်ပြန်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။
 
“ငါ ဒီလိုမှ မလုပ်ရင် မင်းအမေက တစ်ယောက်ယောက်နဲ့ လိုက်သွားလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ‘ကျင်းပိုင်’ က မိခင်ဖြစ်သူကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဖူးလို့ ဆိုပါတယ်။
 
 
အဲဒီအချိန်ကတည်းက အိမ်ထောင်ကွဲခဲ့တာ ၇ နှစ်ကြာပြီဖြစ်သလို မိခင်ဖြစ်သူနဲ့လည်း လုံးဝ သေခန်းပြတ်ဖြစ်သွားတယ်လို့ ဖွင့်ပြောခဲ့ပါတယ်။ လူတွေဟာ ငွေကြေးကြောင့်သာမဟုတ် အချစ်နဲ့ပက်သက်လာရင်လည်း မိဘနဲ့ သားသမီးဆိုတာလည်း သူစိမ်းပြင်ပြင်ပါပဲ..။
 

16 Sep 2019     1,469 Views




RELATED

Most Popular of Special or Others

Most Popular of NEWS