BEC-TERO TV

ထိုင်းတွင် တက္ကစီယာဉ်မောင်းများ ဆန္ဒပြပြီး လျှော်ကြေး ၈.၅ သန်းတောင်းဆို

17 Sep 2019     1,389 Views


ထိုင်းနိုင်ငံရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးရုံး ရှေ့တွင် စက်တင်ဘာလ ၁၇ ရက် အင်္ဂါနေ့က အငှားယာဉ်မောင်းများ စုစည်းကာ Grab တက္ကစီဝန်ဆောင်မှုအား တရားဝင် သတ်မှတ်ပါက အငှားယာဉ်မောင်းများအား နစ်နာကြေးအဖြစ် ဘတ် ၈.၅ သန်း အစိုးရအနေနဲ့ လျှော်ပေးရမည်ဟု ဆန္ဒပြခဲ့ကြသည်။
 
အကယ်၍ လျှော်ပေးခြင်းမရှိပဲ Grab တက္ကစီဝန်ဆောင်မှုကို တရားဝင်အဖြစ် အသိအမှတ်ပြုမည်ဆိုပါက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကို တရားစွဲဆိုသွားမည်ဟု အငှားယာဉ်မောင်းများအဖွဲ့အစည်းမှ ခြိမ်းခြောက်ဆန္ဒပြခဲ့သည်။
 
Grab တက္ကစီဝန်ဆောင်မှုအပြင် အမျိုးမျိုသော တက္ကစီကားဝန်ဆောင်မှုလုပ်ငန်းတွေက မည်သည့်ကုမ္ပဏီ၏လက်အောက်ခံမဟုတ်ပဲ မိရိုးဖလာ အငှားယာဉ်မောင်းသူတွေဆီကနေ အကျိုးအမြတ်တွေ ယူနေကြောင်း အငှားယာဉ်မောင်းများအဖွဲ့အစည်းမှ ဦးဆောင်သူ ဝါရာပိုခမ်ခွန်ထော့ က ပြောဆိုခဲ့ပါတယ်။
 
 
Grab မောင်းတဲ့သူတွေက တစ်နှစ်လုံးမှာ ဘတ် ၈,၀၀၀ လောက်ပဲ ကုန်ကျစရိတ်ရှိပြီး ရိုးရိုးတက္ကစီတွေကတော့ တစ်နှစ်ကို ဘတ် ၂၅,၀၀၀ လောက်ကုန်တဲ့အပြင် Taxi OK ဆိုတဲ့ အပလီကေးရှင်းအတွက် နောက်ထပ် ဘတ် ၂၀,၀၀၀ လောက် ကုန်တယ်” လို့ ဆိုပါတယ်။ 
ဒီ Taxi OK app ကို ပို့ဆောင်ရးဝန်ကြီးဌါနက ထုတ်ပေးတာဖြစ်ကြောင်း ဝါရာပိုခမ်ခွန်ထော့ က ပြောပါတယ်။
 
အကယ်၍ အခြားအငှားယာဉ်ဝန်ဆောင်မှုတွေ လွပ်လပ်စွာလုပ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့လို ရိုးရိုးတက္ကစီသမားတွေအနေနဲ့ လျှော်ကြေး ဘတ် ၈.၅ သန်း ရသင့်ပါတယ်” လို့ Taxi OK app ကို သုံးနေကြရတဲ့ အငှားယာဉ်မောင်းအရေအတွက်နဲ့ ချိန်ထိုးပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။
 
အကယ်၍ Grab တက္ကစီဝန်ဆောင်မှုကို တရားဝင်တယ်လို့ သတ်မှတ်လိုက်တာနဲ့ ကျွန်တော်တို့ တရားရုံးမှာ ဝန်ကြီးချုပ်ရယ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး နဲ့ သက်ဆိုင်ရာ အရာရှိတွေအကုန်လုံးကို အငှားယာဉ်မောင်းများ နစ်နာမှုအတွက် တရားစွဲသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ဒါ့အပြင် ရိုးရိုးတက္ကစီကားတွေကို သက်တမ်း ၉ နှစ်ကနေ ၁၂ နှစ်ထိ တိုးပေးရေး၊ အလုပ်မဖြစ်တဲ့ Taxi OK app အတွက် နစ်နားကြေးပေးရန်နှင့် တက္ကစီနှုန်းထားများ တိုးပေးရန်တို့ကိုလည်း တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။

 


17 Sep 2019     1,389 Views




RELATED

Most Popular of International News

Most Popular of NEWS