BEC-TERO TV

သွင်းခဲ့ဖူးသမျှဂိုးတွေထဲမှာ ချစ်သူကို သွင်းခဲ့တဲ့သွင်းဂိုးဟာ အကောင်းဆုံးလို့ ရော်နယ်ဒိုဆို

18 Sep 2019     1,410 Views


အသက် ၃၄ နှစ် အရွယ် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူဂိုးသွင်းယူနိုင်လိုက်တဲ့ ခံစားချက်လောက်ကောင်းတဲ့ ခံစားချက်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ လှပတဲ့သွင်းဂိုးပေါင်းများစွာကို သွင်းယူထားနိုင်ခဲ့ပါတယ်။
 
ဒါပေမယ့် သွင်းခဲ့ဖူးတဲ့ အကောင်းဆုံးသွင်းဂိုးတိုင်းရဲ ့အကောင်းဆုံးခံစားချက်ဟာ သူရဲ ့အတူနေချစ်သူ မော်ဒယ် ဂျော့ဂျီနာရော့်ဒရီဂတ်စ်နဲ့ ဆက်ဆံရတာ အကောင်ဆုံးပဲလို့ ထုတ်ဖော် ပြောကြားလာပါတယ်။

ရော်နယ်ဒိုတော့ သူ ့သွင်းယူခဲ့တဲ့ ဂိုးတွေထဲ့မှာ ၂၀၁၈ ခုနှစ် ဧပြီလတုန်းက ရီးရဲလ်မက်ဒရစ်အသင်းမှာ ခေါင်းတိုက်ဂိုးနဲ့ သွင်းယူနိုင်ခဲ့တဲ့ ဂိုးဟာ အကောင်းဆုံးသွင်းဂိုးလို့ မှတ်ယူထားပေမယ့် သူရဲ ့အတူနေချစ်သူ ဂျော့ဂျီနာရော့်ဒရီဂတ်စ်နဲ့တော့ နှိုင်းယှဉ်လို့ မရဘူးလို့ပြောပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၇-၁၈ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမပွဲစဉ်မှာ ကာဗာဂျယ်ရဲ ့ဖြတ်တင်ပေးပို့်မှုကနေ နောက်ပြန်ချိတ်သွင်းယူခဲ့တဲ့ ဂိုးဟာ အကောင်းဆုံး သွင်းဂိုးဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး ရောနယ်ဒိုဟာ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းတွင်ကစားနေပြီး အရင်က အသင်းများပြောင်းရွေ ့ကစားခဲ့ပြီး သွင်းဂိုးတွေကို တလက်ကြမ်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ITV ရုပ်သံကပြုလုပ်တဲ့ ပီယားမော်ဂန်နဲ့ အင်တာဗျူးအစီအစဉ်မှာ သူချစ်သူ ဂျော့ဂျီနာရော့်ဒရီဂတ်စ်နဲ့ကတော့ အကောင်ဆုံးပါပဲလို့ ပြောကြားခဲ့ပြီး သူ ့ချစ်သူနဲ့ထိတွေ ့ဆက်ဆံရတဲ့ အတွေ ့အကြုံကတော့ အကောင်းဆုံးလို့ ဆိုပါတယ်။
 
ရော်နယ်ဒိုက “ မဟုတ်သေးဘူး ၊ ရော်နယ်ဒိုဟာ ရယ်ပြီးတော့ ကျွန်တော့ချစ်သူနဲ့တော့ နှိုင်းယှဉ်လို့မရဘူးလေဗျာ..။ ကျွန်တော် နှစ်အတော်တော်များများ ဂိုးတွေသွင်းယူဖို့ပဲ ကြိုးစားနေတာပါ။ ဂိုးပေါင်း (၇၀၀) ကျော်ကို သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပြန်ချိတ်ကိုတော့ မသွင်းယူနိုင်ခဲ့ဖူးလေ။ နောက်ဆုံးတော့ သွင်းယူနိုင်ခဲ့တယ်လေ..။ အဲ့ဒါဟာ တစ်ကယ့်ကို လှပတဲ့ ခုန်ချက်နဲ့ သွင်းယူနိုင်ခဲ့တာပါ။  ”

ရော်နယ်ဒိုကတော့ သူအတူနေချစ်သူ ဂျော့ဂျီနာရော့်ဒရီဂတ်စ်နဲ့ဘဝဟာ အံအားသင့်စရာတွေဖြစ်ခဲ့ပြီး  မယုံကြည်နိုင်လောက်အောင်ပဲဆိုတာကို အင်တာဗျူးအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
 
Ref; goal

18 Sep 2019     1,410 Views




RELATED

Most Popular of Football

Most Popular of Sport