BEC-TERO TV

အင်ဒိုနီးရှားတောမီးကြောင့် အိမ်နီးချင်းနိုင်ငံများရဲ့ လေထုအခြေနေဆိုးရွားလာ

19 Sep 2019     1,501 Views


အင်ဒိုနီးရှားနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မီးခိုးငွေ့နဲ့ပြာတွေ လေထုထဲလွင့်ပျံ့နေတဲ့ ဂြိုလ်တုဓါတ်ပုံကို နာဆာက ထုတ်ပြန်ခဲ့ရာ ဓါတ်ပုံများအရ အခြေအနေ ဆိုးရွားလျှက်ရှိကြောင်း တွေ့ရသည်။ 
 
 
အင်ဒိုနီးရှားရှိ ကလီမန်တန်သစ်တော မီးလောင်ကျွမ်းရာမှ ထွက်လာတဲ့ မိုးခိုးငွေ့တွေဟာ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကိုပါ သက်ရောက်မှုများ ရှိနေပြီး ဒီအခြေအနေတွေကြောင့် မလေးရှားနိုင်ငံ ကူချင်းမြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ တစ်မြို့အဖြစ် ကြေညာရတော့မလိုဖြစ်နေပါတယ်။
 
 
မီးခိုးမြူများကြောင့် မလေးရှားနိုင်ငံရှိ စာသင်ကျောင်းများ ပိတ်ထားရပြီး သန်းနဲ့ချီတဲ့ ကလေးတွေရဲ့ ကျောင်းပညာရေးကိုပါ ထိခိုက်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုအဆင့် API 500 ကိုကျော်နေပြီး ငှက်တွေဟာ ပျံသန်းနေရင်းနဲ့ ကောင်းကင်ပေါ်ကနေ မြေပြင်ပေါ် တဖုတ်ဖုတ်ကျပြီး သေဆုံးမှုတွေ ရှိနေပါတယ်။
 
 
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၄ လအရွယ် ကလေးတစ်ဦး အသက်ရှုမွမ်းကြပ်တဲ့ ဝေဒနာနဲ့ သေဆုံးခဲ့ရပါတယ်။ သစ်ပင်အောက်မှာ ထိုင်နေတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားကြီးလည်း အသက်ရှုမဝပဲ သေဆုံးခဲ့ရပါတယ်။ လမ်းမပေါ်မှာလည်း မီးခိုးမြူတွေကြောင့် မြင်ကွင်း ကွယ်နေပြီး လမ်းပမ်းဆက်သွယ်ရေးတွေ အသုံးပြုလို့မရအောင် ဆိုးရွားနေပါတယ်။
 
 
စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရိုက်ကူးထားတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို နာဆာက သူ့ရဲ့ ဝဘ်ဆိုက်မှာ တင်ထားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့အပြင်ဘက် အိမ်နီးခြင်းနိုင်ငံတွေထိပါ မီးခိုးမြူတွေ လေထုထဲမှာ သိပ်သည်းစွာ ပျံ့နှံ့နေတာကို တွေ့မြင်ရပါတယ်။
 
 
မလေးရှားနိုင်ငံမှာ လူတွေကို တတ်နိုင်သလောက် အိမ်အပြင်မထွက်ကြဖို့ အစိုးရက နှိုးဆော်ထားပါတယ်။ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုတိုင်းတာချက်အရ PSI 147 ရှိနေကြောင်း သိရသည်။

19 Sep 2019     1,501 Views




RELATED

Most Popular of International News

Most Popular of NEWS