BEC-TERO TV

ထိုင်းရေဘေးဒုက္ခသည်တွေအတွက် ငွေကြေးအမြောက်အမြားလှူဒါန်းလိုက်တဲ့ Lisa

19 Sep 2019     1,459 Views


ကမ္ဘာကျော် Kpop အဆိုတော်အဖွဲ့ Blackpink မှ အငယ်ဆုံးအဖွဲ့ဝင် Lisa ဟာ ဇာတိမြေ ထိုင်းနိုင်ငံက ရေဘေးဒုက္ခသည်တွေအတွက် ငွေကြေးအမြောက်အမြားကို လှူဒါန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ Ubon Ratchathani မှာရှိတဲ့ ရေဘေးဒုက္ခသည်တွေအတွက်ထိုင်းဘတ် တစ်သိန်း (US $3269) တိတိကို လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်။

“Lisa က သူလှူလိုက်တဲ့ ငွေပမာဏက ရေဘေးဒုက္ခသည်တွေအတွက် တစ်နည်းမဟုတ် တစ်နည်း ကူညီရာရောက်မယ်လို့ မျှော်လင့်နေပါတယ်” ဆိုပြီး Lisa ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံ Ubon Ratchathani မှာ ရွာပေါင်း ၇ ထောင်မှာ အိမ်ခြေပေါင်း ၄ သိန်းခန့် ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရတာပဲဖြစ်ပါတယ်။

သူတစ်ပါး ဒုက္ခရောက်နေတဲ့အချိန် ကူညီပေးတတ်တဲ့ Lisa ရဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲ။

Ref:koreaboo

(ပိုပိုလေး)


19 Sep 2019     1,459 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS