BEC-TERO TV

ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ ကင်မ်ထယ်ဟီးနဲ့ Rain

20 Sep 2019     1,475 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် တော့ပ်စတားတွေဖြစ်ကြတဲ့ ကင်မ်ထယ်ဟီးနဲ့ Rain တို့ စုံတွဲဟာဆိုရင် လူတိုင်းအားကျနေရတဲ့ အနုပညာရှင်စုံတွဲပဲဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ကင်မ်ထယ်ဟီးဟာ Rain နဲ့ လက်ထပ်ပြီးကတည်းက အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားတာကို ကြည့်ခြင်းအားဖြင့် မိသားစုကို နံပါတ်တစ် ဦးစားပေးတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဆိုတာ သိသာထင်ရှားလို့နေပါတယ်။

"ကင်မ်ထယ်ဟီး ၂၀၁၇ အောက်တိုဘာ ၁၅ မှာ သမီးဦးလေးကိုမွေးဖွားခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ နောက်ထပ်မိသားစုဝင် အသစ်လေးကို လူ့လောကထဲ ခေါ်ဆောင်ပေးခဲ့ပြီပဲဖြစ်ပါတယ်။"

ကင်မ်ထယ်ဟီး အေဂျင်စီ Story J Company မှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလာပါတယ်။

“မင်္ဂလာပါ ကင်မ်ထယ်ဟီး အေဂျင်စီဖြစ်ပါတယ်။ ဝမ်းသာစရာသတင်းကောင်းလေး တစ်ခုပါ။ ကင်မ်ထယ်ဟီးနဲ့ Rain တို့စုံတွဲဆီကို နောက်ထပ် မိသားစုဝင်အသစ်လေး ရောက်ရှိလို့လာပါပြီ။ စက်တင်ဘာ ၁၉ ရက်၊ ဆိုးလ်မြို့နယ် ဆေးရုံမှာ ကင်မ်ထယ်ဟီး သမီးလေးနောက်ထပ်တစ်ယောက် ကို ထပ်မံမွေးဖွားလိုက်ပြီပဲဖြစ်ပါတယ်။

အားလုံးရဲ့ မေတ္တာပို့သမှုကြောင့် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိနေပါတယ်။ ကင်မ်ထယ်ဟီးကို ခုထိ အားပေးနေကြတဲ့ ပရိတ်သတ်တွေ ကင်မ်ထယ်ဟီး တီဗွီဖန်သားပြင်ထက် ပြန်ပေါ်လာမယ့် အချိန်ကို စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေအတွက် သူမက အမေတစ်ယောက် တာဝန်ကို အရင်ကျေပွန်အောင်လုပ်ပြီးရင် ပြန်လာမယ်လို့ ပြောထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောကြားသွားပါတယ်။

ကင်မ်ထယ်ဟီးနဲ့ Rain တို့ဟာ ၂၀၁၇ ဇန်နဝါရီမှာ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 


20 Sep 2019     1,475 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS