BEC-TERO TV

ဒီလစ်ကို ကမ္ဘာ ့အကောင်းဆုံး ဖီဂျုံလက်သစ် လှောင်ပြောင်ခဲ့ကြတဲ့ ဂျူဗင်တပ်စ် ပရိတ်သတ်များ

20 Sep 2019     1,329 Views


ကမ္ဘာ ့အကောင်းဆုံး လူငယ်ခံစစ်မှူးလို့ သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ကို ဂျူဗင်တပ်စ်ပရိတ်သတ်များက မန်ယူဝါရင့်နောက်ခံလူ ဖီဂျုံးလက်သစ်ဖြင့် ခိုင်းနှိုင်းကး “ဒတ်ချ်ဖီးဂျုံး” လို့လှောင်ပြောင်ခဲ့ကြပါတယ်။ 
 
အက်သလက်တီကိုအသင်းနှင့်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဒီလစ်ဟာ အမှားများခဲ့တာကြောင့် ဒတ်ချ်ဖီးဂျုံး လို့ လှောင်ပြောင်ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအသင်းပွဲစဉ်မှာ ဂျူဗင်တစ်စ်အသင်းဟာ အက်သလတ်တီကိုအသင်းကို ၂-၀ ဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ခံလူတွေအမှားကြောင့် ချေပဂိုး ၂ ဂိုးပြန်ပေးခဲ့ရပြီး သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗီပရိတ်သတ်တွေက “ဒီလစ်ကတော့ မြန်မြန်ဆန်ဆန်ပဲ မန်ယူအသင်းက ဖီဂျုံးအဖြစ် ပြောင်းလဲလာပြီ ” လို့လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလစ်ဟာ ဒီနှစ်နွေရာသီမှ အေဂျက်စ်အသင်းကနေ ပေါင်(၆၇.၈) သန်းဖြင့် ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အေဂျက်စ်အသင်းမှာလို ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

 


20 Sep 2019     1,329 Views




RELATED

Most Popular of Football

Most Popular of Sport