BEC-TERO TV

စားစရာမရှိတဲ့အချိန်က သူ ့အပေါ်ကျေးဇူးရှိတဲ့ အမျိုးသမီးကို ပြန်လည်ရှာတွေ ့ခဲ့တဲ့ ရော်နယ်ဒို

20 Sep 2019     1,356 Views


တစ်လုပ်စားဖူး သူ ့ကျေးဇူး ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ တစ်ချိန်က သူအပေါ်ကျေးဇူးရှိခဲ့တဲ့  ကျေးဇူးရှင်တွေကို ယခုအထိ ပြန်လည်ရှာဖွေနေတယ်လို့  ပီယာမောဂန်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုဟာ ပြောကြားခဲ့ပါတယ်။
 
ရော်နယ်ဒိ်ုဟာ အောင်မြင်တဲ့ ဘောလုံးသမားဘဝမရောက်ခင်က သူ ့ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ အဲဒိအချိန်က သူ ့အပေါ်မှာ ကောင်းခဲ့့တဲ့ ကျေးဇူးရှင်တွေကို ပြန်လည်ရှာဖွေနေပြီး တဖန်ကျေးဇူးဆပ်လိုတဲ့ အကြောင်းကို အင်တာဗျူးအစီးအစဉ်ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

ITV နဲ့ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက “ကျွန်တော် အသက် ၁၂ ၊ ၁၃ နှုစ်သားဘဝလောက်ကပေါ့၊  ကျွန်တော် မိသားစုကလည်း ပိုက်ဆံမရှိတော့ အခြားလူငယ်ကစားသမားတွေလိုပဲ စပို့တင်းကပေးတဲ့ အဆောင်မှာနေခဲ့ရတာဗျ။ အဲ့အချိန်တုန်းက ညဘက် ၁၁ နာရီလောက်ဆို ဗိုက်ဆာလို့ ဘောလုံးကွင်းအနီးနားမှာရှိတဲ့ McDonald's ဆိုင်လေးမှာ စားစရာလေးများရှိမလားလို့ တံခါးသွားသွားခေါက်ကြတယ်။ ကလေးဆိုတော့ သွားတောင်းစားကြတာပေါ့  ”
 
“အဲဆိုင်က အက်နာဆိုတဲ့ အမျိုးသမီးနဲ့ ကောင်မလေး နှစ်ယောက်က ကျွန်တော်တို့ကို စားစရာတွေပေးတယ် ၊ဘာဂါတေ ကျွေးတယ်။ ဒါပေမယ့် သူတို့ကို အခုချိန်ထိ ရှာမတွေ ့သေးပါဘူး။ ပေါ်တူဂီက အသိတွေနဲ့တွေ ့တိုင်းလည်း သူတိုင်ကို ကူရှာပေးဖို့ ပြောဖြစ်ပါတယ်။ ”
 
“အကယ်လို့သာ သူတို့နဲ့ပြန်တွေ ့ရင်  ကျေးဇူးဆပ်ချင်ပါတယ်။ နောက် သူတို့နဲ့ တူရင် (သို့) လစ္စဘွန်း မှာ ရှိတဲ့ ကျနော့် အိမ်ကို ဖိတ်ပြီး ညစာအတူစားချင်ပါတယ်။ ကျွန်တော့ ဘဝအတွက် အခိုက်အတန့်လေး တစ်ခုဖြစ်တာကြောင့် ကျွန်တော့ ဘယ်တော့မှ မေ့လိုရမှာမဟုတ်ပါဘူး ” လို့ရော်နယ်ဒို ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ သူ ့တို့ ၃ ယောက်ထဲ့က တစ်ယောက်ဖြစ်တဲ့ Paula Lica ဆိုတဲ့ မိန်းကလး တစ်ယောက်ကို တွေ ့ရှိသွားခဲ့ပြီလို့ သိရပါတယ်။
 
Paula က “ဒီအကြောင်းကို သိရှိပြီးနောက် သူသားကို ပြန်ပြောပြတဲ့ အခါ သူသားက လိမ်နေတယ်လို့ ထင်မိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ သူယောကျင်္ားဖြစ်သူက သိပြီးသားလို့ ဆိုပါတယ်။ သူမကတော့ ရော်နယ်ဒိုနဲ့ ဒင်နာ ညစားအတူစားဖြစ်ရင်တော့ အရင်ကအကြောင်းတွေကို ပြန်ပြောကြမယ်”လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ တစ်ချိန်က သူ့အပေါ်ကို ကျေးဇူးလေးတစ်စွန်းတစ်စရှိတဲ့ သူကိုတောင်မှ မမေ့အပ်ပဲ ကျေးဇူးသိတတ်တဲ့ သူစိတ်ဓါတ်ကတော့ လေးစားစရာပါပဲဗျာ..။


20 Sep 2019     1,356 Views




RELATED

Most Popular of Football

Most Popular of Sport